ကျောက်နံရံအမြင့်ကြီးတွေကြား
လှေကားမတ်စောက်စောက်နဲ့
တက်ခဲ့တဲ့ တောင်ပေါ်စခန်းကလေး
တယ်လီဖုန်းတိုင်တွေကလဲ
ခက်ခက်ခဲခဲ စီတန်းတက်လာကြပြီး
တခုထဲသောဖုန်းရုံကလေးမှာ ရပ်တန့်
ခေါ်စရာနံပါတ် များများမရှိဘူး
စကားပြောဖို့ အချိန်သိပ်နည်းတယ်
လေပြင်းတွေက ခါတိုင်းနေ့တွေလို
.. .. ကြားလား
.. .. ကြားလား
.. .. ကြားလား
တကယ် ကြား မကြား
ပြန်မကြားရပေမယ့်
စကားတွေ ရောက်ခဲ့ပါတယ်
တင်မင်းထက်
၂၀၁၅
လှေကားမတ်စောက်စောက်နဲ့
တက်ခဲ့တဲ့ တောင်ပေါ်စခန်းကလေး
တယ်လီဖုန်းတိုင်တွေကလဲ
ခက်ခက်ခဲခဲ စီတန်းတက်လာကြပြီး
တခုထဲသောဖုန်းရုံကလေးမှာ ရပ်တန့်
ခေါ်စရာနံပါတ် များများမရှိဘူး
စကားပြောဖို့ အချိန်သိပ်နည်းတယ်
လေပြင်းတွေက ခါတိုင်းနေ့တွေလို
.. .. ကြားလား
.. .. ကြားလား
.. .. ကြားလား
တကယ် ကြား မကြား
ပြန်မကြားရပေမယ့်
စကားတွေ ရောက်ခဲ့ပါတယ်
တင်မင်းထက်
၂၀၁၅
No comments:
Post a Comment