အမိုး၊ အခင်း၊ အဆင်းနဲ့အကာ အနီရောင်နှင့် လွှမ်းထားသောဝ္လေနာ မျက်လုံးများရဲ့ အတွင်းထောင့်က ဖျားနာမှု ပွင့်ဖတ်ထဲ လွတ်ကျထားသော ကမ္ဘာကမ်းပါး မနှင်းဆီရယ် မနှင်းဆီရယ် မျက်ရည်နှစ်စက် မီးလောင်နေခိုက် နှင်းဆီတွေအတွက် ပူဆွေးဖို့အချိန်ရယ် ဘယ်ဆီဘယ်ဝယ်ရှိမှာတဲ့လဲ ခမ်းနားသော၊ အိုဟောင်းသော၊ လွင့်မျောမှုနဲ့မာယာ တောအုပ်ကို ဖြတ်သွားခိုက် ဘယ်ဆီဘယ်မှာ ရပ်ရပ်မရှိ၊ ပြေးဖို့ရယ် မြေမရှိ နှုတ်ခမ်းတွေပွင့်လို့ အနီရောင်ရဲ့ အဇ္ဈတ္တထဲ ချောင်းမြောင်းကြည့်/ ဟောဒီမီးအလင်းတွေနဲ့ ငါတို့မြို့ဟာ သစ်တုံးတွေပေါ် မီးစွဲလောင် မီးခိုးတွေဘယ်မှာဆုံ မနှင်းဆီ ... အို ကွယ့် မနှင်းဆီ ငါ့ရဲ့ညည်းသံဟာ ငါ့ရဲ့လျှာပြောသမျှ ထုံထိုင်းမှိုင်းညှို့နေတဲ့ နီစွေးစွေး ချောက်ကမ်းပါးပေါ် ရုတ်ချည်းတက် ဟောဟိုက အပြန့်နဲ့ အကျယ် ပြန့်ကျဲလျက် နှင်းဆီတွေ ဘယ်သူ့ ဘယ်သူ ဖိနပ်အောက်မှာ သစ်ခွက်ပွတ်တံ/ ဆူးတိုးသံ မနှင်းဆီကို ဆူးချုံထဲ တရွတ်ဆွဲသွားခဲ့ အိုဗျ အနီရောင်/ အိုဗျ ...အနီရောင်ရဲ့ မနှင်းဆီ။ မောင်ဒေး |
မနှင်းဆီတစ်ပွင့်စီမှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment