ငှက်ကြည့်ဆရာ

လောကမှာ လူရယ်လို့ဖြစ်လာရင်
အကောင်ကိုက်ခံရတာတော့ ရှိမှာပဲ

လူချင်းမတိုက်မိကြပေမယ့်
ထီးချင်းတော့တိုက်မိကြရရှာတယ်

ထပ်မြင့်တိုက်ပေါ်ကနေခုန်ချပြီး
ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုး စားနေသူကို
ဝိုင်းကယ်မယ့်လူတွေရောက်မလာခင်
မြန်မြန်ခုန်ချစေချင်ကြရမယ်

ဒီနေရာမှာတော့
ငှက်ကြည့်ဆရာ အရှုံးပေးသွားရပြီ
သူမြင်နေတာ ဘာငှက်တွေလဲ
မပြောနိုင်ဘူး သူမပြောနိုင်တော့ဘူး
သူ့နိုင်ငံ သူ့မြို့ သူ့အိမ်အထိ ပျံသွားနေကြတာကို
သူ တအားကိုတုန်လှုပ်နေရပြီ
အိမ်တံခါးတွေ ပြူတင်းတွေကို
သေချာပိတ်ထားဖို့ သူ့မိန်းမဆီ
သူ ဖုန်းလှမ်းဆက်ရပြီ ဆက်နေရပြီ
ဘယ်လိုငှက်တွေလဲဆိုတာကိုသိအောင် လို့
ရသလောက် ဓာတ်ပုံရိုက်ပြီး ချက်ချင်းလှမ်းပို့ရပြီ
ကြောင်တွေကို အိမ်ထဲထည့်ထားဖို့ ပြောရပြီ
ဘေးအိမ်တွေ ရဲစခန်း နဲ့ ဘုန်းတော်ကြီးတို့ဆီ
အမြန်ဆုံးအကြောင်းကြားဖို့ပြောရ ပြီ
စိတ်မပူဖို့ စိတ်ကိုအေးအေးထားဖို့
ငှက်တွေရောက်မလာမီ
သူအရောက်ပြန်လာနေပါပြီ ။
 
ဟံလင်း
၂၈ ၊ ၉ ၊ ၂၀၁၃

No comments:

Post a Comment