အိမ်
စကားပြောဖော်မရှိ
သေခြင်းတရားလည်းမရှိ။
နောက်ထပ်တွေ့ရှိစရာ
လောကရဲ့အစိမ်းရောင်များ
အသက်ရှူလိုက်တိုင်းညှီတယ်။
တင်းကျပ်တိတ်ဆိတ်မှုထဲ
ငြိမ်လို့
ဆွံ့အ အိပ်မက်များ။
။
ဇော်ထွန်းတင်
ဟန်သစ် မဂ္ဂဇင်း
နိုဝင်ဘာ၊ ၁၉၉၉
နေမြင့် နွေဦး
တစ်ယောက်က တစ်နေရာကို အရောက်
တစ်ယောက်က နောက်တစ်နေရာ အသွား
တစ်ညဆီ မိုးလင်းခဲ့တဲ့ အချိန်တွေ အနည်ထိုင်သွားအောင်
ကျေးဇူးပြု၍ ဝိုင်ခွက်ကို မလှုပ်လိုက်ပါနဲ့
ဘယ်သူ့ကိုမှ မလိုအပ်ဘူး တွန်နေတဲ့ ငှက်ဟာ
သူ့နှုတ်သီးကို သူပြန်ဆိတ်ရင်း သစ်အိမ်မှာ လရောင်ကို ခြွှေချ
အထီးတည်းဖြစ်ခြင်းဟာ ယောင်ကိုင်းပြီး သွေးစို့
သစ်ရွက်ရှရာမှာ သွေးစလေးတွေ မစို့မပို့ လင်းကြတယ်
စာအုပ်တွေရယ်
ပြင်သစ်ဝိုင်ရယ်
သစ်သီးနဲ့
အေးမြရာသီဥတု
သူစိမ်းတစ်ယောက်ရဲ့
အိမ်ကလွင့်လာမယ့်
တေးသွား
ဒီလောက်ပဲ ဂျွန်ကိထ်စ်ကတော့ လိုအပ်တယ်တဲ့
စားပွဲပေါ်ကို ကြောင် ခုန်တက်သွားတယ်
သူ့အမြီးနဲ့ ရမ်းမပစ်ခင် အသင့်စောင့်နေတဲ့ ဝိုင်ရှည်ရှည်တစ်ခွက်ကို
ကျမဆီ ကမ်းပေးလိုက်စမ်းပါ ဒန်နီယယ်လ်
ဖြူနှင်းဖွေး
May 13th, 2013

Subscribe to:
Posts (Atom)