ဘ၀၌ နာရီ…



ဘဝ
မျဉ်းဖြောင့်တွေ
နောက်ကြောင်း မလုံကြဘူး။

ကျွန်တော်ဖြင့်
လူကြား လမ်းကြား
ပြောင်ပြောင်တင်းတင်း လည်ပတ်သူ
နာရီကို --
တစ်နေကုန်အောင် ငုံ့ကြည့်နေရ

ဖြစ်ပျက်တွေ သစ်ပင်ထက်မြင့်လာ
လူတွေ သစ်ရိပ်အောက် တည်ရှိဆဲ။    

နာရီ
အချိန်တွေ
သေလိုက် ရှင်လိုက်…

ပန်းကလေးကိုလည်း မကယ်တင်နိုင်သေး
ကိုယ့်ကိုယ်ကိုယ်လည်း မကယ်တင်နိုင်သေး

လမင်းကြီးရေ
အခွင့်အရေးဆိုတာ ပုပ်သိုးသွားမှာလား

ရထားတွေကို
သံလမ်းတွေက ချိုးကွေ့သွားတယ်။  

မောင်သိန်းဇော်
မဟေသီ မဂ္ဂဇင်း သြဂတ်စ် ၂၀၀၄

No comments:

Post a Comment