သူငယ်ချင်းများသို့ပေးစာ
ဟောဒီလိုအချိန်မှာ
ဘယ်တော့မှ ပိုးကျသွားမှာမဟုတ်တဲ့ ကျွန်တော့်ရဲ့သတိရခြင်းတွေ....။
ပြတင်းပေါက်ကိုဖွင့်လိုက်တော့ ပေးစာထဲက ပိုးစုန်းကြူးလေးတွေ
ပျံထွက်လာကြတယ်။
ကျွန်တော့်ဂစ်တာအိုလေးလဲအသိပါ။ အမေ့ရဲ့ကော်ဖီဖျော်သံမှာ ကြာဖြူပန်းများပွင့်နေပါပြီ။
၁။ ညတစ်ည...ကျွန်တော် ခြေတံရှည်အိမ်ကလေးမှာ ဖီးလစ်ရေဒီယိုကြီးနဲ့
အိပ်ခွင့်ရခဲ့ပုံကို
ပဲ့တင်လိုက်ပါတယ်။ ကျွန်တော်နဲ့ ကတ္တား...၊ကံ...၊ကြိယာ...
တစ်ခန်းတည်းဆုံကြပါတယ်။
ကမ္ဘာသုံး သင်္ကေတတွေ အရည်မခန်းနိုင်တာကိုပင် ပျားဖွပ်ခဲ့တာ။
ငှက်သိုက်ရှာခဲ့တာ။
အီကွေးရှင်း ထုတ်ဖော်ခဲ့တာ။ ပုလဲငုပ်ခဲ့တာ။ လကမ္ဘာပေါ် မျောက်နှစ်ကောင်လွှတ်ခဲ့တာ။
ရာဇ၀င်လိုအောက်မေ့ခဲ့တာ။ နားလည်ပေါင်းသင်း ဆက်သွယ်ခဲ့သော
အဖော်မွန်များ။
သြော်...ကြာခဲ့ပြီလို့ ကျွန်တော်မြည်တမ်းလိုက်ရင်...ကျွန်တော်တို့လမ်းထိပ်
ကင်းတဲက
နာရီအချက်ပေးတဲ့သံချောင်းခေါက်သံကြီးဇဝေဇ၀ါဖြစ်သွားပါလိမ့်မယ်။
၂။ ညနေခင်းတုန်းကပေါ့လေ...ပုဇွန်ဆီရောင်တိမ်တိုက်တွေရဲ့အောက်မှာ
ငှက်ကလေး
မျက်စေ့လည်နေမှာကို စိုးရိမ်မိခဲ့တယ်...ကျွန်တော်ကတော့ဘာအရေးလဲ။
မြို့ကတော့
ဦးခေါင်းထဲ လှေကားထစ်စိုက်ပျိုးထားတဲ့ မြို့ပါ။ နီကိုတင်းဓာတ်လျှော့ထားတဲ့
စီးကရက်
တစ်ဗူးလိုမြို့ပါ။ အိမ်မက်တွေကို အီကွေတာနဲ့ ဧည့်ခံတဲ့ မြို့ပါ။ ရာသီဥတု ၃ မျိုးနဲ့
မျက်လှည့်ပြ ခံရတဲ့ မြို့ပါ။ သူ့မြေပုံ အညွှန်းထဲက အပြန်လမ်း
အကြောင်းကိုပဟေဠိ
ဝှက်ထားတဲ့ မြို့ပါ။
ယွန်းအစ်ဘူးလေးကို ကျွန်တော် ဖွင့်ကြည့်
လိုက်တော့လည်း
အောက်တိုဘာက ဒေသန္တရကြယ်လေးတစ်ပွင့်ကိုနမ်းရှိုက်နေတာမြင်လိုက်ရပါတယ်။
၃။ ယခုပြောရရင်... သွေးကြောမျှင်နဲ့လေးတင်...။ ကျွန်တော့်ဗဟိုအမှတ်စက်ကို
ကျွန်တော်ဦးစိုက်...။ တွေ့လိုက်ပါပြီ။ လူမုန်းခံရမှာကို
ကြောက်ပြီး လူချစ်အောင်
မနေတတ်ခဲ့တာအမိန့်ရအပေါင်ဆိုင်နဲ့ကွာပါတယ်။ ခွင့်လွှတ်ပါ။
မာနများနှင့် ဒီရေ
တက်သောအခါ အပူချိန်တိုင်းကရိယာများ ကျွမ်းသွား၏။ စနေနေ့က
မှန်ကြည့်
သောအခါပဉ္စမမြစ်ကျဉ်းပေါ်လာ၏။
၎။ ခလုတ်နှိပ်ကြည့်ကြဦးမယ်ဆိုရင်တော့ သူ့လက်ညှိုးလဲ အလွမ်းကို
ခူးဆွတ်ဖို့
ညွှန်လိမ့်မယ်။ ဘူတာရုံမှာ သင်္ဘောကြီးတွေဆိုက်လိမ့်မယ် ဆိုတဲ့သီချင်းသံ
လဲ
တစ်ပိုင်းတစ်စ ၀င်လာလိမ့်မယ်။ နိုင်ငံတကာတံဆိပ်ခေါင်းတွေ
စုထားသူလေးနဲ့
တွေ့လိမ့်မယ်။ နောက်ဆုံးဘတ်စ်ကားက ရန်ပုံငွေ လေသေနတ်ပစ်ပြိုင်ပွဲရှိရာကို
မရောက်တဲ့အကြောင်း ပျံကျမိုးနဲ့ ပြောလိမ့်မယ်။ သူလဲ ပုံဆွဲခဲတံများ
လက်ဆောင်
ရလိမ့်မယ်။ ကျွန်တော်ပြောတာ ကျွန်တော့်လိပ်ပြာလေးအတွက်
ရှေ့နေငှားစရာ
မလိုတာပါပဲ။
၅။ အသံများ...အရိပ်များ...အရောင်များ...ရနံ့များ။မေ့မရခြင်းကို
အမည်မဖော်လိုတဲ့
သက်တန့်နဲ့ကျင်းပ...တံပိုးခရာမွေးနေ့ကို သင်တို့ရင်ထဲကလမ်းပေါ်ကျွန်တော်ခေါ်ခဲ့ပါပြီ...။
ထက်တည်မြင့်
၁၂၊၁၀၊၉၄ မှ ၂၁၊၁၀၊၉၄
(ကဗျာဆရာရဲ့ FB စာမျက်နှာမှ)
No comments:
Post a Comment