ဇာတ်လမ်းကအဲဒါပါပဲ
ထရစ်ကာကိုဆွဲညှစ် ခြောက်ချက်တိတိ
အဲဒီငနဲရဲ့ဉီးနှောက်ထဲဖိပြီး ပစ်ချလိုက်တယ်
နောက်တော့ငနဲ မီးသွေးပုံထဲမှာဖလက်
နောက်ဆိုသူဘယ်တော့မှ
ချွင်းဂမ်းဝါးတဲ့ ဘောလုံးနည်းပြ
ဖြစ်တည်မှုပဓာန၀ါဒအားကျပြီး ဘာမှဖြစ်မလာသူ
စတန်းဖို့ဒ်တံတားပေါ်က ကလပ်ပိုင်ရှင်သူဌေး
မိုးလေ၀သသတင်းကြေငြာသူ
ကြက်ဉအလုံးငါးဆယ်တိတိခွဲပြတဲ့ ပါဖောမင့်သမား
အားကစားဂျာနယ်တစ်မျိုးထဲစောင့်ဖတ်သူ
ဆွမ်းဆန်စိမ်းအသင်းဉက္ကဌ
ညနေခင်းအကောင်းမြင်သမား
စကော့ဝီစကီသောက်ပြီး လူမှုရေး ညံ့ဖျင်းသူ
နောက်ဆိုသူဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူး
ဇာတ်လမ်းကတော့ဒါပါပဲ ။
သော်ဒီဝေ
( ဒီဇင်ဘာ ဟန်သစ်၂၀၀၃)
နောက်ဆိုသူဘယ်တော့မှ
ReplyDeleteဇာတ်လမ်းကအဲဒါပါပဲ
ဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူး
သတင်းကြေငြာသူမှာဖလက် ...