အယ်ဒီတာအကြိုက်ကဗျာကဏ္ဍ၊ ဟန်လင်း
ရန်ကုန်
မီးပွိုင့်မှာ
ခုံးကျော်တံတား ဆောက်နေကြတယ်
မီးပွိုင့်မိနေလို့
စက်နှိုးလျက်ရပ်ထားတဲ့ကားတွေ ကြားကနေ
အဖြူအစိမ်းဝတ် အလယ်တန်းအရွယ် ကျောင်းသားလေးတွေ
လမ်းဖြတ်ကူးနေကြတယ်
သူတို့အရွယ်လောက်တုန်းက
ကျွန်တော်တို့ပြောဖူးကြတဲ့စကား
နားထဲသွားကြားယောင်မိတယ်
ပြင်သစ်တော်လှန်ရေးကျက်ရမှာလား ဆရာမ
ပြင်သစ်တော်လှန်ရေးကျက်ရမှာလား ဆရာမ
မီး စိမ်းသွားတယ်
မီးပွိုင့်နားက လက်ဖက်ရည်ဆိုင်ကနေ
ကျွန်တော်တို့ထိုင်ကြည့်နေကြတယ် ။
ဟံလင်း
၂၊၃၊၂၀၁၃
(Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်)
crony တော်လှန်ရေးကို အရင်ကျက်ဖို့ စာရင်းလုပ်ပရစေ ...
ReplyDelete