အသုဘသေရည်ဦး
ရှင်သန်မှု
တစ်ခု ပြတ်တောက်၊
သေဆုံးသွားတယ်
ကျွန်မဆီကနေ..
“ဘာလဲ
ဆိုတာကိုတော့ မသိဘူး၊
ဘယ်လိုမျိုးလဲ လို့ပဲပြောပြတတ်တယ် ”
Eminem
နွေဦးရွက်သစ်တွေလို
နုနယ်လတ်ဆတ်
မွေးကင်းစကလေးလို
စင်ကြယ်
ရေစီးညင်တဲ့
မြစ်ငယ်လို ကြည်လင်
နေခြည်လင်းလို
နွေးထွေး
တောင်စွယ်တော်ပန်းတမျှ
တင့်တယ်
မျက်တောင်တစ်ချက်အခတ်မှာ
နိုဝင်ဘာလရဲ
့မြူထုတွေလို လွင့်ပါး
ဝမ်းပေါက်နေတဲ့လှေလို၊
ရေထဲ မြှုပ်ဝင်သွား
ယောက်ယက်ခတ်
ဧရာမကပ်ဘေးတွေ ဆိုက်ရောက်
ဖြေမဆည်နိုင်ဘူး၊
တရားသဘောနဲ့ မရှုနိုင်ဘူး
ကြိုတင်ပြင်ဆင်မထားဘူး
အသုဘရဲ
့အကျည်းတန်မှုကို ဆောင်ကျဉ်းလာတဲ့ ရွေးနှုတ်ခံ ကချေသည်
အထွတ်အမြတ်ထားတဲ့
‘ဟောလယ်’ကို ကိုင်ဆောင်ပြီး ကကြိုးတွေပြောင်းလဲ
ကျွန်မမှာတော့
စောင်ထည်ကို ခေါင်းမြီးခြုံပြီး ငိုကြွေးမြည်တမ်း၊
အစွယ်အရိုးဆံထိုးကိုဆွဲနှုတ်ဖြေချလို့၊
ရင်ထုမနာ ရင်ပတ်ကိုစည်တီးလို့၊
အသစ်တဖန်ပြန်လည်သေဆုံးသွားကြမယ့်
သိမြင်ခြင်းရဲ
့ကမ်းတစ်ဖက်က ၀င်သက်ထွက်သက်တွေ
သူငယ်ချင်းကောင်း
ယောင်းမတို့ရေ
အာရုံတက်ကြက်ဖရဲ
့ သုံးချက်မြောက် တွန်သံမှာ
အတွေးယာဉ်ခရီးရပ်၊
သေခြင်းနတ်ဖုရားမဆီ ပို့ဆောင်နှုတ်ဆက်ဖို့
အဲဒီ့မျက်လုံးကနေစီးဆင်းလာတဲ့
နှလုံးသွေးတွေကိုပွတ်သုတ်ရင်း
ဒီအသုဘသေရည်ရဲ
့ အဦးအဖျားဆုံးကို စုပ်သောက်ကြစို့ရဲ့ ။
အိုင်းဒီး
၁၇၊၁၂၊၂၀၁၂။
(မူရင်း
ချင်းကဗျာမှ ကဗျာဆရာမ ကိုယ်တိုင် မြန်မာပြန်ဆိုသည်)
ဟောလယ်
[Hawle] ချင်းရိုးရာဝါးညှပ်အက (ရှေးအခါ အသုဘပို့ဆောင်ရာတွင်
ကသောအက)
ကရာတွင် ဦးဆောင် ရန်ရွေးချယ်ခံရသူမိန်းမပျိုတစ်ဦးတည်းက
ကိုင်ဆောင်ရသော၊
သစ်သားချောင်းလေးတွင် ချည်ရောင်စုံဖြင့် လေးထောင့်ကွက်
ဖော်ထားပြီး၊
အများအပြားချိတ်သီထားသော ကိုင်ဆောင်စရာ အဆောင်အယောင်။
(Original
Chin Version)
A Hmaifamzu
A
nunnak a cat, a thi
Keimah
sin in.
Zei a si ka
hngal lo.
Zeibantuk a si
ka hngalh.
_Eminem
Chawlthar
bang a no
Semmawng
bang a thianghlim
Tiva
bang a fim
Pau
bang a lum
Vauraung
iang hluan.
Mitthep
kar ah
Sikpar
simei bang a ziam.
A ongka a puam, a pem tilawng bang a
pil.
Awlawkchawng mangttam mangtara a tlung.
Ka siang nemmam lo, kai lungsak kho lo,
Timhcia si fam lo.
Hmelchia ruak iang surtu thingthiah
lengno,
Hawle ken in a laam.
Hnemrang
vorh in ka ttap,
Hrukpi phoih in, ttangcumh in.
A thar in a thi than ding
Hngalhnak pinlei i thawngei pawl
Ka mawfa hna
Khuangte vawithumnak ah
Khuahngal lo in, Khuanu sin thlah ding,
Khi mitfang in a hung luang mi
lungthizur hnawh in
A
hmaifamzu dap ning.
Aidii
17/12/12
No comments:
Post a Comment