ရေးသူအကြိုက် ရေးသူစကား ကဗျာကဏ္ဍ။ မောင်ယုပိုင်

5D ရုပ်ရှင် ကြည့်ရှုပြသခြင်း

တစ်နေ့က သူမနဲ့အတူ ကုန်တိုက်မှာ အသစ်ဖွင့်တဲ့ 5D ရုပ်ရှင်သွားကြည့်တယ်။
သူမနဲ့ကျွန်တော် ရုပ်ရှင်ရုံထဲရောက်သွားတယ်/ရုပ်ရှင်ထဲ ရောက်သွားတယ်။
ပရိသတ်နဲ့ ရုပ်ရှင်ကြားက ပိတ်ကားဟာ ပြိုသွားပြီဖြစ်တဲ့ ခေတ်ကာလကြီးပဲ။
လူဆိုတာ ပတ်ဝန်းကျင်ကိုကြည့်ရတယ်၊ သူများသားသမီးဟာ ဟင်းရွက်ကန်စွန်းရွက်မဟုတ်ဘူး
အသက်ကြီးမှအိမ်ထောင်ယူရင် ကလေးနဲ့နပမ်းလုံးရလိမ့်မယ်၊ သူတို့စုံတွဲက ယူမယ်ဆိုယူလို့ရနေပြီပဲ
ဟေ့ လူပျိုကြီး အခြေအနေဘယ်လိုလဲ။ ဘလာဘလာဘလာ/ ဗလာဗလာဗလာ။ 
အဲဒီ လက်တွေ့အသုံးချမြန်မာ့ရိုးရာအိမ်ထောင်သည်ဘ၀ နယ်ကြိုက်ဗီဒီယိုဇာတ်လမ်းဇာတ်ညွှန်း/ဒိုင်ယာလော့တည်ဆောက်ချက်ထဲ
ဆက်လက်သရုပ် ရှောင်နေလို့မဖြစ်တော့
မရည်ရွယ်ဘဲ သဏ္ဍာန်လုပ် သရုပ်ဆောင်ဖြစ်လာတယ်။
ကြည့်သူကိုယ်တိုင်ဟာ ဇာတ်ကောင်။
ရုပ်ရှင်ဟာ ဘ၀ထဲခုန်ဝင်လာပြီး
ဘ၀ဟာ ရုပ်ရှင်ထဲ လူးလိမ့်ဝင့်သွား။
ငါတို့အတူနေရဖို့ ငွေစုကြစို့၊ စိတ်ချရတဲ့ဘဏ်တစ်ခုမှာ ငွေစုစာအုပ်လေးလုပ်ကြစို့၊
မိဘတွေကို အသိပေးစို့၊ သားသားမီးမီးလေးတွေမွေးပြီး ဖိုးဖိုးဖွားဖွားတွေဖြစ်တဲ့အထိ
လောကဓံကို လက်တွဲရင်ဆိုင်ကြစို့ မိသားစုဘ၀သရုပ်ဖေါ်ဒရမ်မာနဲ့ Happy Ending လုပ်ကြစို့
ဒါပေမယ့် ရုပ်ရှင်ရဲ့အချိုးအကွေ့တချို့မှာ
မီးတောင်တွေထပေါက် ငလျင်တွေလှုပ်ခါ
ကမ္ဘာလောကကြီး တကယ်တော့ ငါ့ကမ္ဘာလောကကြီး သွက်သွက်ခါ။ ရုပ်ရှင်ထဲမှာ ပြောပါတယ်။
နှစ်ယောက်ပေါင်းလစာနဲ့ နှစ်ယောက်ပေါင်းဖို့ဖြစ်ပါ့မလား၊ နေစရာအိမ် ရေမီးအစုံလွတ်လပ်လုံခြုံပါ့မလား၊
အငှားမြေပေါ်မှာ အိမ်ပြင်ဖို့ သင့်ပါ့မလား၊ မချစ်မနှစ်သက်သောရန်သူမျိုးတစ်ပါးနဲ့ကင်းရင် အတော်လေး တော်ပါပြီ၊ 
တစ်ဖက်မှာ အသိပေးစရာမိဘ နင့်ကို မှတ်ကောမှတ်မိသေးရဲ့လား၊ ကော်မြူနကေးရှင်းလိုင်းမိမမိတော့ အာမမခံ တစ်လတစ်မျိုးလောက် မိုဒယ်လ်တွေတိုးတိုးလာနေတဲ့ Android စနစ်လူတန်းကြီးထဲ စေ့အောင် 
ကိုယ်ဘယ်လို လိုက်ရမလဲ ဘယ်လောက်ထိ လိုက်ရမလဲ။
နှစ်ဦးသဘောတူ နေထိုင်ရုံနဲ့မပြီး
အများသဘောတူလက်ထပ်ထိမ်းမြားခြင်း ဇာတ်ဝင်ခန်းဆီ
တဖြည်းဖြည်းကျွံဝင်
ကိုယ်က ရုပ်ရှင်ထဲကျွံဝင်နေတာလား
ရုပ်ရှင်က ကိုယ့်ထဲကျွံဝင်လာတာလား။
တဆိတ်လောက် စကားလုံးတွေ စကားပြားတွေ ခဏရပ်ပေးပါ။
ကိုယ့်ဗိုက်သားကိုယ် ဓါးနဲ့မွှန်းကစားမှ နေသာထိုင်သာတဲ့ အရူးကောင်တွေကို ငါနားလည်လာတယ်
နင့်မှာလက်သည်းကိုက်တဲ့အကျင့်ဖျောက်မရတာလည်း ငါနားလည်ပေးရမလိုပါပဲ
ရုပ်ရှင်ထဲမှာတော့
လွှစက်ကိုင်စိတ္တဇလူသတ်သမားကြီး လိုက်လာနေတယ်။
အောင်မလေးဗျ ကြောက်ပါပြီဗျ
စိတ်ပျက်စရာကြီးပါဗျ၊ ငြီးငွေ့စရာကြီးပါဗျ၊ ယုတ္တိမရှိတာကြီးပါဗျ။
လွှစက်ကြီး တဗြီးဗြီး။
တဗြီးဗြီးလွှစက်ကြီးက ကိုယ့်လက်ထဲမှာပါလား။
ရှင် တခြားလမ်းရွေးချယ်ဖို့အတွက် ကျွန်မဆယ်နှစ်စောင့်ခဲ့တယ်
တစ်နှစ်ပတ်လုံးလုံး ကျွန်တော် ပြောင်းလဲဖို့ကြိုးစားခဲ့တယ်
နောက်ထပ် တစ်နှစ်ပတ်လုံးလုံး ကျွန်တော် ပြောင်းလဲဖို့ကြိုးစားခဲ့တယ်
နောက်ထပ် နောက်ထပ် တစ်နှစ်ပတ်လုံးလုံးများ ကျွန်တော်ပြောင်းလဲဖို့ကြိုးစားဆဲ။
ကိုယ့်လုံခြုံရေးအတွက်လား ကိုယ့်ကိုထိန်းချုပ်ဖို့အတွက်လား
ကိုယ့်ပခုံးပေါ်မှာ အထိန်းကွင်းကြီး စွပ်ချထားတယ်။
ရွေးချယ်စရာလမ်းမရှိ ပြန်လမ်းမရှိ
တံတားအကျိုးအပျက်တွေဟာ ကိုယ့်အောက်ကနေ တဝေါဝေါ ဖြတ်သွားနေတယ်။
သေချာတာက ဆယ်နှစ်လုံးလုံး သူမနဲ့အတူရှိနေခဲ့တယ်။
တခါတလေ သူမကို $ခွက်ရိုက်ခဲ့တယ် တခါတလေ သူမရှေ့ဒူးထောက်ပြီး ဖိနပ်စီးပေးခဲ့တယ်။
ရုပ်ရှင်ထဲမှာပဲ၊ အင်း ရုပ်ရှင်အပြင်ဘက်ရော ရှိသေးလို့လား။
မြင်နေရတာတွေက သုံးဖက်မြင်တွေပဲ
ရုပ်လုံးကြွတွေပဲ။
ဒါကို မယုံလို့ ရီလေတီဗီတီသီအိုရီကို ယုံမလို့လား
ဒါကိုလက်မခံလို့ ကွမ်တမ်သီအိုရီကို လက်ခံမလို့လား
ဒီမှာမနေလို့ ဘယ်သုံးဆယ်တစ်ဘုံမှလည်း အခုမှတ်ပုံတင်နဲ့ သွားနေချင်လို့မှ မရတာ။
ရုပ်ရှင်ဆိုပေမယ့်
တကယ်မြင်နေ ကြားနေရတာတွေပဲ။
အစစ်အမှန်ဖြစ်ပျက်နေတာတွေပဲ
အစစ်အမှန် ဖြစ်-ပျက်နေတာတွေပဲ။
“လက်ထပ်တော့မယ်ဆို ဟုတ်လား”
ကမ္ဘာကြီးရဲ့လူကြီးကစားနည်းမှာ
စီနီယာ(အိမ်)ထောင်ဦးစီးတို့ သက်ဝင်ပျော်ရွှင်ပါစ။        

မောင်ယုပိုင်
2012 sep



ကဗျာနဲ့ပတ်သက်လို့ မောင်ယုပိုင်ရဲ့စကား
 
သုခမိန်လှိုင် အောင်ချိမ့်တို့ရဲ့ အနည်းဆုံးရေးစပ်နည်းနဲ့အရင်
ဒီကဗျာလေးက ဖြစ်လာခဲ့တာ။(သူတို့လိုတော့ မစွမ်းဘူးပေါ့ဗျာ) အိုင်ဒီယာကို
အဓိကယူမယ်၊ အကောင်းဆုံးစကားလုံးတွေရွေးချယ်
ကျစ်လျစ်စွာနဲ့လိုရင်းကိုပြောမယ်။
ဒါကလည်းတစ်နည်းပေါ့။ ကဗျာအရွေ့အပြောင်းတွေမှာ ပုံသဏ္ဍာန်ကစားဟန်တွေသာ
ရှိသယောင်ထင်ရပေမယ့် အော်လ်တာနေးတစ်ဖြစ်တဲ့အတွေးထော
င့်ဟာလည်း ကဗျာကို
လတ်ဆတ်ဆွဲဆောင်မှုရှိစေတာ အောင်ချိမ့်ရဲ့ကဗျာတွေက ဥပမာပဲ။
ခေတ်မီဆန်းသစ်စွာပုံသဏ္ဍာန်ကစားသူ
တို့ရဲ့ကဗျာတစ်ရာနှစ်ရာမှာမတွေ့ရနိုင်တဲ့
ဘ၀အမြင် အတွေးစိတ်ကူးကို သူ့ရဲ့ လိုတိုရှင်းကဗျာသုံးလေးပါဒမှာ
သွားသွားတွေ့ရတတ်လို့လည်း အောင်ချိမ့်ဟာ အောင်ချိမ့်ဖြစ်နေတာ ဖြစ်နေဆဲ
ဖြစ်လိမ့်မယ်။ ပြီးတော့ ပုဒ်ရေနည်းသလောက် တစ်ပုဒ်ဆိုတစ်ပုဒ်
တစ်ကြောင်းဆိုတစ်ကြောင်း ကိုယ့်ကိုအချိုးပြောင်းသွားစေတဲ

မောင်ပြည့်မင်း၊ ပြီးတော့ အခု
ကိုမိုးဝေးရဲ့တတိယအကြိမ်ပြောင်း
လဲရေးဖွဲ့ဟန်တွေ။
ကဗျာဗေဒတွေအများကြီးသူတို့ပတ်
ဝန်းကျင်မှာဖြတ်စီးနေတဲ့ကြားမှာ သူတို့ဟာ
ခနတော့ မျှောပါသွားဟန်ရှိတယ်။ ဒါပေမယ့် အခု သူတို့ကိုပြန်တွေ့တယ်။ ဒါဟာ
အံ့သြစရာပဲ။ မောင်ပြည့်မင်းနဲ့မိုးဝေး(ကျီး
ကန်းနှစ်ကောင်)ကိုကြည့်ရင်
ကဗျာဗေဒကဗျာရေးဖွဲ့ဟန်အမျိုးအစာ
းမြောက်များစွာကိုတွေ့ရတာထက် သေချာတာက
မောင်ပြည့်မင်းနဲ့မိုးဝေးကိုပဲေ
တွ့ရလိမ့်မယ်။ ဆိုလိုတာက
သူတို့သိမှုအပေါ်မှာ ကပ်ငြိနေတဲ့ တခြားကဗျာဗေဒတွေအကုန်လုံး
တဖြည်းဖြည်းကွာကျသွားပြီး ကဗျာရေးသူတွေရဲ့ ဘ၀နေမှု ဘ၀သိမှုတွေသာလျင်
ကဗျာအပေါ်ပြန်လည်လွမ်းမိုးကြီးစိ
ုးရုပ်လုံးပေါ်လာတာ။ အချိန်ကာလတစ်ခုတော့
စောင့်ခဲ့ကြရလိမ့်မယ်။ ကျွန်တော့်တစ်ယောက်တည်းအနေနဲ့ေ
တာ့ ဒါဟာ
ကဗျာဆရာသဘာဝတရားလို့တောင် မှတ်ယူထားတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့
မတူကွဲပြားတဲ့ကဗျာသဘာဝတွေ
အပြန်အလှန်ပဲ့တင်ထပ်တွန်းတိုက်
တုံ့ပြန်နေခြင်းသာလျင်
အစဉ်အမြဲရွေ့လျားနေတဲ့သဘာဝရှိတဲ

ကဗျာလုံးဆိုင်ရာကဗျာရဲ့အဓိပ္ပါယ်
ကိုဖွင့်ဆိုနေတာမဟုတ်လား။
ကိုယ့်ရဲ့ကဗျာသဘာဝကဗျာမိုဒယ်နဲ့
မတူလို့ ငြင်းပယ်တာဟာ
တစ်နည်းအားဖြင့်ဘေးဖယ်ထုတ်တာပဲ။ ဒါက မိုးဝေ ဒါကရယ်စရာ ဒါက ခေတ်ပေါ်
ဒါကခေတ်ပြိုင် ဒါက အယ်လ်ပီ ဒါက အွန်လိုင်းလို့
ပုံသဏ္ဍာန်တွေနဲ့ချဉ်းကပ်တာဟာ ယေဘုယျကျလွန်းအားကြီးတဲ့
စွပ်စွဲချက်ဖြစ်ရုံကလွဲလို့ ကဗျာရေးသူတစ်ဦးတစ်ယောက်ချင်းရဲ
့ စတိုင် အလှ
ဟန်တွေကိုတော့ လျစ်လျူရှုရာကျလိမ့်မယ်။ တစ်ယောက်ချင်းရဲ့ထူးခြားကဗျာဓာ
တ်
ကဗျာရေးဟန်တွေကို မမြင်နိုင်ဘဲ ခပ်လွယ်လွယ်သာ အသစ်အဟောင်းအကောင်းအဆိုး
ခွဲခြားဆက်ဆံမိကြလိမ့်မယ်။ ကျွန်တော့်အနေနဲ့တော့ အောင်ချိမ့်
မောင်ပြည့်မင်း နေမျိုး စသည်တို့ကို လက်မလွတ်နိုင်သေးသလို
ဇေယျာလင်းနဲ့မောင်ဒေးတို့ထံမှ
လည်း သင်ယူလို့ကောင်းဆဲ ထို့အတူ မိုးဆတ်
ပန်စကူး လွန်းဆက်နိုးမြတ် နေမြဲ ငြိမ်းစိုးဦး လင်းဇင်ယော် မှသည် ကနေ့
ကောင်းကင်ကို မြတ်သူ တေးခက် ဟံလင်း ဇက်ကကြိုး သကောင့်သား မင်းခိုင်မြဲ
ညံလင်း ဟိန်း စသူလူငယ်များအထိ လေ့လာလို့ကောင်းဆဲ။ ကျနော့အနေနဲ့တော့
သူတို့ (ပရင့်၊အွန်လိုင်း) ဘယ်လိုင်းကဆိုတာ စိတ်မ၀င်စား၊
သူတို့ကဗျာတွေဟာ ခေတ်ပေါ်ဟန်လား ရယ်စရာဟန်လား သရဖူ(ငြိမ်းအေးအိမ်)ဟန်လား
တာရာမင်းဝေစုတုပြုလား နယူးရော့ခ်ဂိုဏ်းဝင်တွေလား ဘာသာစကားအခြေပြုသူတွေလား
ဖလပ်တွေလား ပီအယ်လ်ပီတွေလား ကျွန်တော်နားမလည်။ ကျွန်တော်သိတာက
သူတို့တစ်ယောက်ချင်းစီရဲ့ကဗျာစာ
သားတွေဟာ သူတို့ကျင်လည်ရှင်သန်နေရတဲ့
ကာလဒေသကို ဘယ်လောက်ထိ နားလည်ထားလဲ သူတို့အပေါ်ဖိစီးထားတဲ့ပယောဂတွေ
ကို
ဘယ်လောက်ထိ ကလန့်ကြည့်နိုင်လဲ ဆွကြည့်နိုင်လဲ
မေးခွန်းထုတ်တုံ့ပြန်နိုင်လဲ ပြီးတော့ သူတို့လက်ရာတွေမှာ
မြန်မာစာဝေါဟာရ၀မ်းစာဘယ်လောက်ရှ
ိလဲ စူပါမင်း စပိုက်ဒါမင်းတို့လို
ပေါ်ရက်ထရီမင်းတွေဆိုပါစို့ သူတို့ဟာ
ကဗျာအာရုံပါဝါဘယ်လောက်ထုတ်သုံး
သွားနိုင်သလဲ အဲဒါတွေနဲ့ပဲ
သူတို့ကဗျာကိုချဉ်းကပ်ဆက်ဆံတယ်။ ဒါက စာဖတ်သူအမြင်ပါ။
ကဗျာညွှန်ကြားရေးမှူးအမြင်လို့ မထင်စေချင်ပါဘူး။
ခေတ်စားနေတဲ့ကဗျာမိုဒယ်တစ်ခုခုေ
နာက်လိုက်ပြီး အတူတူမရေးဖွဲ့ကြပဲ
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွေ့လျားပြုလုပ်နေကြတာကိုတွေ့ေ
နရသေးလို့လည်း
ကျွန်တော် သူတို့ကို ကျေးဇူးတင်ရတာပေါ့။
အထက်မှာတွေ့ရတဲ့ ကျွန်တော့်ဖိုင်းဒီရုပ်ရှင်ကဗျာ
လိုတိုရှင်းဟာ
ခေတ်ပေါ်လူကြီးကဗျာသမားတွေအတွက်ေ
တာ့ လိုတိုရှင်းဖြစ်ပေမယ့်
အွန်လိုင်းမှာအတွေ့ရများတဲ့ မီးခဲတရဲရဲလူငယ်တွေကြားချပြဖို့
ဆိုရင်တော့
ဒိထက်ဆွဲဆောင်မှုရှိဖို့တော့လို
မယ်လို့ တွေးမိပြန်တယ်။
အဲဒီလိုတိုရှင်းအိုင်ဒီယာဖရိန်
ထဲကို
ကျွန်တော့်ရဲ့လတ်တလောဘ၀ဖြတ်သန်း
မှုပြဿနာတွေကောက်ထည့်လိုက်ရင် ဘယ်လိုနေမလဲ
လူကြီးလူငယ်မရွေးသုံးစွဲနိုင်ေ
အာင် စဉ်းစားမိတယ်။ ကျွန်တော့်ရဲ့
နောက်ပိုင်းကဗျာတွေ ရေးသားခြင်းမှာ အယူသီးမှုတစ်ခုက ကဗျာကို
ဘယ်လိုပုံသဏ္ဍာန်နဲ့မွမ်းမံသည်ြ
ဖစ်စေ အရှိတရားနဲ့မကင်းကွာစေချင်တော့တာပဲ။
ရိုမန်တစ် သရုပ်မှန် မော်ဒန် ပို့စ်မော်ဒန်
ဆိုတဲ့အရွေ့ကိုပဲကြည့်လိုက်ရင် အရှိတရားနဲ့နီးနိုင်သမျှနီးအော
င်
တွန်းရွေ့လာကြတဲ့အရွေ့လို့ပြဲ
မင်တယ်။ အလွန်ဖတ်ရှုလို့ကောင်းတဲ့
မော်ဒန်(ခေတ်ပေါ်မဟုတ်ပါ) ကဗျာတွေ ကျွန်တော်ရေးဖွဲ့ခဲ့စဉ်က
အရှိတရားကနေရှောင်ဖယ်ဖုံးဖိနေသေ
ယာင်သာဖြစ်ခဲ့တာ အခုနေပြန်ကြည့်တော့မှ
မြင်နိုင်တာ။ နောက် ၂၀၀၅နှောင်းပိုင်း
ကဗျာဗေဒနဲ့အသစ်အဆန်းရေးဖွဲ့ဟန်ေ
တွပေါ်ပေါက်လာပြန်တော့လည်း
လျှောက်လိုက်မိပြန်ရဲ့။ ဒါပေမယ့် ကိုယ့်အရေးအသားကိုယ်
မအီမသာဖြစ်နေတဲ့တစ်ချက်ကို ပြန်ဆင်ခြင်ကြည့်တော့
ကိုယ့်နောက်ဆုံးပေါ်ကဗျာတွေဟာ
ဟိတ်ကြီးဟန်ကြီးထုတ်ပြီးဂမ္ဘီ
ရအမျိုးမျိုးသုံးစွဲပြီးသာ ရေးဖွဲ့နေပေမယ့်
အရှိတရားနဲ့ပိုပိုဝေးနေတဲ့အချက်
ပါပဲ။ အရာရာဟာဟန်ဆောင်အမှောင်ချ
အတုအယောင်မျိုးစုံကို မီဒီယာမျိုးစုံကနေ တည်ဆောက်နေတဲ့ကာလကြီးမှာ
နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကဗျာအနုပညာကရော
ဘာအတွက်ကြောင့် ရှည်လျားထွေပြားလီဆည်နေအုံးမလဲ။ ဒီလိုနဲ့
ဟိုစမ်းဒီစမ်းနဲ့ရေးလာရာကနေ ကာလတစ်ခုကိုရောက်တော့
ကဗျာရဲ့အလုပ်လုပ်နိုင်မှု (မိမိသဘောကျတဲ့ကဗျာအလုပ်စွမ်းေ
ဆာင်နိုင်မှု)ဆိုတာ
ပုံသဏ္ဍာန်တွေ ရေးနည်းတွေနောက်လျှောက်လိုက်တာ
မဟုတ်ဘဲ ကျွန်တော်တို့
အမှန်တကယ်ကျင်လည်ရှင်သန်နေရတဲ့
ကိုယ့်ဘ၀ကိုယ့်ပတ်ဝန်းကျင်ကိုယ်
့ခေတ်စနစ်ကို ဘယ်လောက်ထိ
မေးခွန်းထုတ်နိုင်သလဲ ဘယ်လောက်ထိပါးပါးနပ်နပ်နဲ့ဝင်ပူ
းကပ်ပြီး
တုံ့ပြန်အလုပ်လုပ်နိုင်သလဲဆိုတာ
ပဲ ကြည့်တော့တယ်။ ဆိုတော့ ကျွန်တော်က
ကိုယ့်အယူနဲ့ကိုယ် ကိုယ့်အရှိတရားစကားပြေကို လိုတိုရှင်းအိုင်ဒီယာဖရိန်ထဲ
ကောက်ထည့်လိုက်တယ်။ သမအောင် စီမံလိုက်တယ်။ ခိုမြီးဆက်လို
သပ်လျှိုထည့်လိုက်တာလည်းရှိသလို ဆူဒိုခုလို
ဖင်ခေါင်းချိပ်ဆက်လိုက်တာလည်းရှ
ိတယ်။
စိတ်ကူးစာသားနဲ့တကယ့်ဘ၀အကြောင်း
အရာကို အလှည့်ကျစီလိုက်တာလည်းရှိတယ်။
အပြောလွယ်သလောက်အလုပ်ခက်တယ်။ အတွေးထည်ရသလောက် အကောင်ထည်ဖေါ်ရာမှာ
ကိုယ့်ညံ့ဖျင်းမှုတွေ မြင်ရနိုင်တယ်။ အရှိတရားကိုကဗျာထည့်ကောက်ထည့်တာ
ဟာ
ကဗျာဓါတ်စီးမှုဇောကပ်မထားရင် စကားပြေထော့ကျိုးတွေဖြစ်ကုန်နို
င်တယ်။
နောက်ဆုံး လိုတိုရှင်းစိတ်ကူးထည်နဲ့တကယ့်
ဘ၀အကြောင်းအရာ ခွဲခြားမရအောင်
အစပ်အဟပ်ပြုပြီးတော့မှ ဒီကဗျာကို လွတ်ထုတ်လိုက်တာပါ။ ကျွန်တော့်ဖက်က
စွမ်းသမျှပဲပေါ့။ ကျန်တာကတော့ ဖတ်ရှုဖျင်ယူသူတို့အပိုင်း။

5D ရုပ်ရှင် ကဗျာရဲ့ ပထမ FORM က ဒီလိုပုံစံဗျ။

ပရိသတ်နဲ့ ရုပ်ရှင်ကြားက
ပိတ်ကားကို ဖြိုလိုက်တယ်။
ကြည့်သူကိုယ်တိုင်ဟာ ဇာတ်ကောင်
ရုပ်ရှင်ဟာ ဘ၀ထဲခုန်ဝင်လာပြီး
ဘ၀ဟာ ရုပ်ရှင်ထဲ လူးလိမ့်ဝင့်သွား။
ဘ၀ရုပ်ရှင်ထဲမှာ
မီးတောင်တွေပေါက်နေတယ်၊ ငလျင်တွေလှုပ်နေတယ်
ကမ္ဘာလောကကြီး အိုးထိန်းစက်ပမာ သွက်သွက်ခါနေတယ်။
ရွေးချယ်စရာလမ်းမရှိ ပြန်လမ်းမရှိ
တံတားအကျိုးအပျက်တွေဟာ ကိုယ့်အောက်ကနေ ဖြတ်သွားနေတယ်။
ကိုယ်က အာကာသထဲကျွံဝင်နေတာလား
အာကာသက ကိုယ့်ထဲကျွံဝင်လာတာလား
လွှစက်ကိုင်စိတ္တဇလူသတ်သမားကြီး လိုက်လာနေတယ်။
အောင်မလေးဗျ ဖြစ်ရ
အိုးမိုင်ဂေါ့ဖြစ်ရ
ကြောက်ပါပြီဗျဖြစ်ရ။
မြင်နေရတာတွေက သုံးဖက်မြင်တွေပဲ
ရုပ်လုံးကြွတွေပဲ
တကယ်မြင်နေ ကြားနေရတာပဲ။
အစစ်အမှန်ဖြစ်ပျက်နေတာပဲ
အစစ်အမှန် ဖြစ်-ပျက်နေတာပဲ။
ကမ္ဘာကြီးရဲ့ကစားနည်းအသစ်မှာ
ပျော်ရွှင်ပါစ။

မောင်ယုပိုင်




င့ါအကြောင်း



ရတယ်..
ငါ့အကြောင်းပြောထား
ပြောနေတဲ့ င့ါအကြောင်းဟာ နင့်လျှာကို ပေါက်ကျလိမ့်မယ်
အခု ငါ့အကြောင်း
နေပြည်တော်ရုပ်ရှင်ရုံထဲ ၀င်နေပြီ
အခု ငါ့အကြောင်း
“Orcghard” လမ်းမကိုဖြတ်နေပြီ
အခု ငါ့အကြောင်း
ကီလီမန်ဂျားရိုး’ တောင်ကို တက်နေပြီ
ငါ့အကြောင်းဟာ နင့်ဆီမှာ ရေပိုက်ခေါင်းကရေလို
စံနစ်တကျ ပန်းထွက်နေတယ်မဟုတ်လား
ငါ့အကြောင်းဟာ နင့်ဆီမှာ လက်ပံပွင့်လို ရဲရဲနီနေတယ်မဟုတ်လား
နင်စားမယ့် အသားညှပ်ပေါင်မုန့်ကိုဖွင့်ကြည့်တော့
ငါ့အကြောင်းဟာ အငွေ့တလူလူရှိနေတယ် မဟုတ်လား
လစ်တာနဲ့ သင်တန်းပြေးပြေးတက်တယ်ဆိုတဲ့ ငါ့အကြောင်း
ဆေးဆိုင်တစ်ဆိုင်ကို ဆေးဖက်ဝင်တော့မယ်ဆိုတဲ့ ငါ့အကြောင်း
အခု ငါ့အကြောင်းက နင့်တယ်ဖုန်းနံပါတ်ကို မေ့နေပြီ
နင်ထားခဲ့တဲ့ ဆွယ်တာအင်္ကျီကလေးဆီ
ငါ့အကြောင်းက ကွေ့မသွားတော့ဘူးတဲ့
အခု ငါ့အကြောင်း ‘ကြည်မောင်သန်း’ ကဗျာစာအုပ်ဖတ်နေတယ်
အခု ငါ့အကြောင်း စီးကရက်ကို ခဲထားတယ်
အခု ငါ့အကြောင်း သင်တန်းကဆရာမလေးဆီ စိတ်ရောက်နေတယ်
အခု ငါ့အကြောင်း တိုက်နံရံပေါ်တိုက်ကပ်ပန်းပင်တစ်ပင်လို ကုတ်တက်ချင်နေတယ်
အခု ငါ့အကြောင်း မိုးပျံပူဖောင်းလို တိမ်တွေထဲလွင့်နေတယ်
ကဗျာ ရုပ်ရှင် မိန်းမနဲ့ အလှမွေးငါးကို စိတ်ဝင်စားတယ် ဆိုတဲ့ ငါ့အကြောင်း
ကြယ်တွေကိုကြည့်နေရင်း ကိုယ်တိုင်ကြယ်ဖြစ်သွားတတ်ပုံကို
ငါ့အကြောင်း ကောင်းကောင်းသိတယ်
အခု ငါ့အကြောင်း သစ်တောထဲဝင်သွားပြီး သစ်ပင်တစ်ပင်လိုပြန်ထွက်လာတယ်
ငါ့အကြောင်းမှာ ငွေမရှိ၊ င့ါအကြောင်းမှာ ဂုဏ်မရှိ၊ ငါ့အကြောင်းမှာ အနံ့မရှိ
ဒါပေမယ့် ငါ့အကြောင်းမှာ အကြောင်းမရှိ
လက်ပတ်နာရီကို ခဏခဏကြည့်ပြီး အရေးကြီးချင်ယောင်ဆောင်နေတတ်သူ
ငါ့အကြောင်း
ငါနဲ့ဝေးမှ ငါ့အကြောင်း ကောင်းကောင်းသိမယ်
ငါ့အကြောင်းကို ပေ’ ပေါ်တင်၊ ငါ့အကြောင်းကို တူ’ နဲ့ထု
ငါ့အကြောင်းဟာ ကြေမွအက်ကွဲသွားလည်း
တူ နဲ့ ပေ မှာ ငါ့အကြောင်းဟာ အနံ့အသက်တစ်ခုလို စွဲကျန်နေလိမ့်မယ်။    

မောင်ဖီလာ                                              Orchard = သစ်သီးခြံ

(မဟေသီ မဂ္ဂဇင်း ၂၀၀၈၊ ဇွန်လထုတ်မှ ကူးယူဖော်ပြသည်)


အမှတ်တရ ဂုဏ်ပြုကဗျာ ကဏ္ဍ၊ မောင်ချောနွယ် 'ဆတ်သွား'




ကွယ်လွန်သွားပြီဖြစ်တဲ့ ခေတ်ပေါ်ကဗျာ တပ်ဦးကဗျာဆရာ မောင်ချောနွယ် ရဲ့
အကြောင်းကတော့ ဗမာကဗျာလောကမှာ အထူးတလည် ဖွဲ့နွဲ့ညွှန်းဆိုနေစရာ
မလိုလောက်အောင် ဂုဏ်သတင်းကြီးမား အစဉ်အလာကောင်းခဲ့ပြီးဖြစ်ပါတယ်။
သူ့ရဲ့ ဒေါင်ဒေါင်မြည်ကဗျာတွေထဲက Master Piece ဆိုလောက်တဲ့ 'ဆတ်သွား' 
ကဗျာကို ပြန်လည်အောင့်မေ့ခြင်းအနေနဲ့ကော Burmesepoetryfoundation 
စာမျက်နှာပေါ်မှာ  မှတ်တမ်းမှတ်ရာ အနေနဲ့ တင် ကျစ်ရစ်အောင် အတွက်ပါ 
ရည်ရွယ်ပြီး အမှတ်တရ ဂုဏ်ပြုကဗျာကဏ္ဍ အနေနဲ့ တင်ဆက်လိုက်ပါတယ်။

Burmesepoetryfoundation အယ်ဒီတာအဖွဲ့



ဆတ်သွား


ကျယ်ပြန့်တဲ့ ရင်အုပ်ကားကားနဲ့
အသားနီနီ ယာတောများက
မီးခိုးလုံး
တောစိမ်း
ချောင်းနက်နဲ့
မှော်သားပြည့်သိပ် လေတွေ
သူ့အဆုတ်ကြီးထဲ
ရှုသွင်းပစ်လိုက်တဲ့
ဒီ မြင့်ချည်နိမ့်ချည် အသက်ရှုမြင်ကွင်းထဲ
လက်တံရှည်ရှည်ကြီး ထိုးသွင်းလိုက်သလို
ရထားဝင်လာပြီ
ဒါ ဆတ်သွားပေါ့။

နီပြေပြေ ၀ါကျံကျံ မန်ကျည်းပွင့်
သေးညှက်ညှက်ကလေးတွေ
အုတ်ကန် အအိုအမင်းကြီးထဲ
တစိမ့်စိမ့် တလိမ့်လိမ့် အနှေး
အရာအားလုံး
ထွားကျိုင်း
ဝဖီး
ခိုင်ဖြီးလွန်းလှတဲ့ ဓာတ်တမျိုး
ထွန်းကားတဲ့ ဒီအရပ်မှာ
ဒါ ဘယ်သူစပ်တဲ့ ကဗျာတဲ့လဲ
ဒါဟာ ဆတ်သွားပေါ့။

တခါကပေါ့
ကျေးတောသားတယောက်ဟာ
မြို့ကနေပြီး မြို့အဆန်ဆုံး ကိုင်းတကိုင်း ယူလာ
သူ့ယာခင်းထဲ
ကြဲချလိုက်တဲ့အခါ
မြို့ကိုင်းဆိုတဲ့ ရွာကြီးတရွာ ဖြစ်လာခဲ့
ဒီ အရပ်မှာ။

ဒီမလေ
မူလက
ဒါဟာ ဆတ်တကောင်ရဲ့ သွားပေါ့။

ခုတော့
မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား
ကလေးအမေတယောက်ရဲ့ နို့ပိန်နဲ့တူတဲ့
ဘတ်သီးတွေ
မမှန်မကန် လင်းတတ်တဲ့နေရာ
ကျောမှာ
အမာရွတ်ကြီးလို
အဝေးပြေးကားလမ်းမ
ခါးမှာ မီးရထားသံလမ်း ခါးပတ်ပတ်လို့
ဗိုက်ထဲမှာ
မြို့ရဲ့ ချွေးခံအင်္ကျီနဲ့တူတဲ့ ဘီးလိယက်ခုံတခုံ
ခုန်လို့
မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ။

သင်တို့မြင်ဖူးစ
သင်တို့စိတ်တွေ အတစ်လိုက် အတစ်လိုက်
ခန္ဓာကိုယ်ပေါ်က ကွာကျ
သစ်ညိုလုံးထွားထွားကြီးတွေအပေါ်
ထွားလို့ ထွားလို့
ထွားသွားနေမှာ
ဒါ ဆတ်သွားပေါ့။

မြေအကျောတမျိုးဓာတ်နဲ့ ဖွံ့ထွား
မှော်သားအထည်တမျိုးနဲ့ အဆင်အသွေးကျ
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
ထည့်ထုပ်ပစ်လိုက်နိုင်တဲ့
အင်ဖက်ကားကားကြီးတွေ
သားပေါက်ရာအရပ်
သစ်ညိုလုံးထွားထွားကြီးတွေ
အိပ်မွေ့ကျရာအရပ်
မြွေပွေး၀၀တုတ်တုတ် ဖီးဖီးကြီးတွေ
စည်ကားရာအရပ်
အလင်းရောင် ဖောဖောသီသီရတဲ့
ဒီအရပ်မှာ
မှော်သားလေတွေ
လင်းလင်းချင်းချင်း ဖိတ်လျှံတဲ့
ဒီအရပ်မှာ
အာကာသဓာတ်တွေ အရေရွှန်းလှတဲ့
ဒီအရပ်မှာ
ခုတ်သားတုံးကြီးတတုံးက
ရွာအဖြစ် အသက်ရှင်နေတဲ့
ဒီအရပ်မှာ
ယာမီးခိုးလုံးတွေနဲ့ တောစိမ်းတွေ
မိတ်လိုက်နေတတ်တဲ့
ဒီအရပ်မှာ
ပိသာစီး ငါးတန်ကြီးတွေ
အသံထွက် ပွက်ကျနေတဲ့
ဒီအရပ်မှာ
လောကဓံတရားထက်ပြင်းတဲ့ အရက်ကို
မချစ်က ချက်တဲ့
ဒီအရပ်မှာ
ဒီဆတ်သွားတချောင်းပေါ်မှာ
အသားနီနီ တောကင်းကြီးတွေဟာ
ဇာတ်လိုက်ကြီးတွေ ဖြစ်တယ်
တောကင်းကြီးတွေဟာ
သူတို့အသားပြင်ကို ပက်ကြားအက်စေတဲ့
စူးရှရှ လေပူပူကို ချစ်ကြတယ်။

တောကင်းကြီးတွေဟာ
သွားထိရင် ငေါက်ခနဲမြည်သံထွက်တဲ့
အသားမြည်သံကို ပိုင်ဆိုင်တဲ့
ဆူးပင်တွေကို ချစ်ကြတယ်။

တောကင်းကြီးတွေဟာ
သူတို့ခန္ဓာကိုယ်ထည်တွေကို
ရှားနှစ်လို စူးနေအောင် ချွန်ကြ
သူတို့က ယာခင်းလို့ခေါ်တဲ့
သူတို့ဘ၀တွေကို
သွေးကြောင်း အရစ်ရစ်ထအောင် ထွန်ယက်ကြ
ဒါကြောင့်ပဲ
သူတို့ဘ၀ ယာခင်းတွေဟာ
နီရဲနေကြတာပေါ့။

တောကင်းကြီးတွေဟာ
သူတို့ရယ်သံတွေကို
ကြဲပက်ပစ်လိုက်တဲ့အခါတိုင်း
နှမ်းခင်းကြီးတွေ ဖြစ်လာတယ်။
တောကင်းကြီးတွေဟာ
သူတို့ကိုယ်ကြီးက
ချွေးသီးချွေးပေါက်တွေကို
မြေပဲတောင့်ထွားထွားကြီးတွေအဖြစ်
စိုက်ကြတယ်
တောကင်းကြီးတွေဟာ
သူတို့ခြေလက်တွေကို ဖြတ်တောက်
မြေကြီးထဲ ထိုးထည့်လိုက်တဲ့အခါ
အချိုရည် ရွှန်းလဲ့လဲ့
ကြံခင်းကြီးတွေ ဖြစ်လာတယ်။

ခါသားချက်
တောဝက်သားဟင်း
လောကဓံတရားထက်ပြင်းတဲ့
မချစ်ရဲ့ အရက်
တောကင်းကြီးတွေဟာ
အဲဒီကန္တာရရင်အုံကြီးကို စို့ကာ
ပျော်ကြ
ဘာမဆို မှော်ထနေလွန်း
ဆတ်သွားတချောင်းပေါ်က
ဒီအရပ်
ဒီဆတ်သွားဆိုတဲ့ အရပ်ဟာ
အကြေကို စုန်သလိုလိုနဲ့
အညာကို ဆန်ဆန်သွားတတ်တဲ့
ခရီးသွား ပိုးဇာခင်း မြေသားတခုပေါ့။ ။

မောင်ချောနွယ်

ခေါင်းစဉ်ပြဿနာရင်ဆိုင်ဆဲကဗျာ



ခေါင်းစဉ်ပြဿနာရင်ဆိုင်ဆဲကဗျာ
မနက်ကတည်းက ဖမ်းမမိတဲ့ဂဏန်းကို
ဘယ်အထိများဆက်တိုက် ဆက်လိုက် .. တစ်ပတ်လုံးလား
သုံး/ နှစ်/ တစ်လုံးလား  ဘာမဆိုဖြစ်သွားနိုင်တဲ့ ပွဲစဉ်များလား
စနေတနင်္ဂနွေ  အစီအစဉ်များဟာ  ပျင်းရိငြီးငွေ့ဖွယ်
အရေးအသား  ပေါင်းရမှာ ပျင်းတဲ့ ဖွာလန်ကြဲဆံသား
အဖျားဖွာသွားရင် ဆက်မရှည်တော့ဘူး ဖွံဖြိုးမှုအားနည်းနေလိမ့်မယ်
ပြီးတော့ ဖရိုဖရဲလွင့်စင်  ကြယ်မှုန်ထက်များပြားတဲ့ ခြေမှုန်များ
ခြေသုတ်ခုံပါမကျန်  ရိုက်ခါ  ကဗျာရှာ
ဥာဏ်အလင်းဟာ များသောအားဖြင့် ဘိုထိုင်မှာပွင့်တာမျိုးဆိုရင်ဖြင့်
ခုဟာက  ပုဇွန်ဦးနှောက်ပဲ  ချီးထုပ်ပဲ
မှန်တယ်  ချီးထုပ်လို့ပဲခေါ်  ငါချီးပေမဟုတ်ဘူး ချီးလည်းမပေဘူး
သူဟာ ယောက်ျားပီသကြောင်းကို အနာပေါ်တုတ်ကျ
ယမ်းပုံမီးကျ  ဖယောင်းတိုင်မီးနဲ့ ရိုက်ထားသမျှ
ဖေ့စ်ဘွခ်ဓါတ်ပုံအဖြစ်ပြောင်းလဲရ လိုင်းမကောင်းဘူး ဓါတ်ပုံပြောင်းမသွားဘူး
ကျော်ရခွရတစ်ခါ  ဟဲ့.. နင်ကမိန်းခလေးနော်
ဆိုပြန်ရင်လည်း အဆင်မပြေဘူး အိမ်မှာနေကြည့် ငါ့အခက်အခဲ
ငါ့နိုင်ငံရေး ကြုံရာအမှိုက်ချ ကျော်မောင်းပိတ်မောင်း အနီတွေတဗျစ်ဗျစ်ထွေးချ
လမ်းပေါ်ထွက်ကြည့် ငါ့အခက်အခဲ  ကြပ်လိုက်တာ စဉ်းစားရ  ကမ္ဘာမှာ
သူတို့ ဆုတက်ယူတော့ မိမိတို့ပညာရေးဟာ အခန်းထောင့်မှာ
ဖင်ချွတ်အရိုက်ခံရလို့ အရှက်သည်းစွာ  ဝမ်းဟာလည်းချုပ်မြဲ
ဦးနှောက်ဟာ အလုံးတိုင်းတည်ရှိနေပြီး သွေးကြောတွေ အဖြတ်ခံထားရ ဒါ
သူမအခက်အခဲ မိဘမဲ့ကလေးများ ဆွမ်းတစ်နပ်စာများ ဘယ်လိုအကြောင်းပြပြ
ကန်တော့ပါသေးရဲ့ သံသယတော့မလှူလိုက်နိုင်ဘူး
မဟုတ်လား။                         

မယ်ယွေး