5D ရုပ်ရှင် ကြည့်ရှုပြသခြင်း
တစ်နေ့က
သူမနဲ့အတူ ကုန်တိုက်မှာ အသစ်ဖွင့်တဲ့ 5D ရုပ်ရှင်သွားကြည့်တယ်။
သူမနဲ့ကျွန်တော်
ရုပ်ရှင်ရုံထဲရောက်သွားတယ်/ရုပ်ရှင်ထဲ ရောက်သွားတယ်။
ပရိသတ်နဲ့
ရုပ်ရှင်ကြားက ပိတ်ကားဟာ ပြိုသွားပြီဖြစ်တဲ့ ခေတ်ကာလကြီးပဲ။
လူဆိုတာ
ပတ်ဝန်းကျင်ကိုကြည့်ရတယ်၊ သူများသားသမီးဟာ ဟင်းရွက်ကန်စွန်းရွက်မဟုတ်ဘူး
အသက်ကြီးမှအိမ်ထောင်ယူရင် ကလေးနဲ့နပမ်းလုံးရလိမ့်မယ်၊ သူတို့စုံတွဲက ယူမယ်ဆိုယူလို့ရနေပြီပဲ
ဟေ့ လူပျိုကြီး အခြေအနေဘယ်လိုလဲ။ ဘလာဘလာဘလာ/ ဗလာဗလာဗလာ။
အသက်ကြီးမှအိမ်ထောင်ယူရင် ကလေးနဲ့နပမ်းလုံးရလိမ့်မယ်၊ သူတို့စုံတွဲက ယူမယ်ဆိုယူလို့ရနေပြီပဲ
ဟေ့ လူပျိုကြီး အခြေအနေဘယ်လိုလဲ။ ဘလာဘလာဘလာ/ ဗလာဗလာဗလာ။
အဲဒီ လက်တွေ့အသုံးချမြန်မာ့ရိုးရာအိမ်ထောင်သည်ဘဝ
နယ်ကြိုက်ဗီဒီယိုဇာတ်လမ်းဇာတ်ညွှန်း/ဒိုင်ယာလော့တည်ဆောက်ချက်ထဲ
ဆက်လက်သရုပ် ရှောင်နေလို့မဖြစ်တော့
ဆက်လက်သရုပ် ရှောင်နေလို့မဖြစ်တော့
မရည်ရွယ်ဘဲ
သဏ္ဍာန်လုပ် သရုပ်ဆောင်ဖြစ်လာတယ်။
ကြည့်သူကိုယ်တိုင်ဟာ
ဇာတ်ကောင်။
ရုပ်ရှင်ဟာ
ဘ၀ထဲခုန်ဝင်လာပြီး
ဘ၀ဟာ
ရုပ်ရှင်ထဲ လူးလိမ့်ဝင့်သွား။
ငါတို့အတူနေရဖို့
ငွေစုကြစို့၊ စိတ်ချရတဲ့ဘဏ်တစ်ခုမှာ ငွေစုစာအုပ်လေးလုပ်ကြစို့၊
မိဘတွေကို အသိပေးစို့၊ သားသားမီးမီးလေးတွေမွေးပြီး ဖိုးဖိုးဖွားဖွားတွေဖြစ်တဲ့အထိ
မိဘတွေကို အသိပေးစို့၊ သားသားမီးမီးလေးတွေမွေးပြီး ဖိုးဖိုးဖွားဖွားတွေဖြစ်တဲ့အထိ
လောကဓံကို
လက်တွဲရင်ဆိုင်ကြစို့ မိသားစုဘ၀သရုပ်ဖေါ်ဒရမ်မာနဲ့ Happy Ending လုပ်ကြစို့
ဒါပေမယ့်
ရုပ်ရှင်ရဲ့အချိုးအကွေ့တချို့မှာ
မီးတောင်တွေထပေါက်
ငလျင်တွေလှုပ်ခါ
ကမ္ဘာလောကကြီး တကယ်တော့ ငါ့ကမ္ဘာလောကကြီး သွက်သွက်ခါ။ ရုပ်ရှင်ထဲမှာ ပြောပါတယ်။
ကမ္ဘာလောကကြီး တကယ်တော့ ငါ့ကမ္ဘာလောကကြီး သွက်သွက်ခါ။ ရုပ်ရှင်ထဲမှာ ပြောပါတယ်။
နှစ်ယောက်ပေါင်းလစာနဲ့
နှစ်ယောက်ပေါင်းဖို့ဖြစ်ပါ့မလား၊ နေစရာအိမ် ရေမီးအစုံလွတ်လပ်လုံခြုံပါ့မလား၊
အငှားမြေပေါ်မှာ
အိမ်ပြင်ဖို့ သင့်ပါ့မလား၊ မချစ်မနှစ်သက်သောရန်သူမျိုးတစ်ပါးနဲ့ကင်းရင် အတော်လေး တော်ပါပြီ၊
တစ်ဖက်မှာ အသိပေးစရာမိဘ နင့်ကို မှတ်ကောမှတ်မိသေးရဲ့လား၊ ကော်မြူနကေးရှင်းလိုင်းမိမမိတော့
အာမမခံ တစ်လတစ်မျိုးလောက် မိုဒယ်လ်တွေတိုးတိုးလာနေတဲ့ Android စနစ်လူတန်းကြီးထဲ စေ့အောင်
ကိုယ်ဘယ်လို လိုက်ရမလဲ ဘယ်လောက်ထိ လိုက်ရမလဲ။
နှစ်ဦးသဘောတူ
နေထိုင်ရုံနဲ့မပြီး
အများသဘောတူလက်ထပ်ထိမ်းမြားခြင်း
ဇာတ်ဝင်ခန်းဆီ
တဖြည်းဖြည်းကျွံဝင်
ကိုယ်က ရုပ်ရှင်ထဲကျွံဝင်နေတာလား
တဖြည်းဖြည်းကျွံဝင်
ကိုယ်က ရုပ်ရှင်ထဲကျွံဝင်နေတာလား
ရုပ်ရှင်က
ကိုယ့်ထဲကျွံဝင်လာတာလား။
တဆိတ်လောက်
စကားလုံးတွေ စကားပြားတွေ ခဏရပ်ပေးပါ။
ကိုယ့်ဗိုက်သားကိုယ် ဓါးနဲ့မွှန်းကစားမှ နေသာထိုင်သာတဲ့ အရူးကောင်တွေကို ငါနားလည်လာတယ်
နင့်မှာလက်သည်းကိုက်တဲ့အကျင့်ဖျောက်မရတာလည်း ငါနားလည်ပေးရမလိုပါပဲ
ကိုယ့်ဗိုက်သားကိုယ် ဓါးနဲ့မွှန်းကစားမှ နေသာထိုင်သာတဲ့ အရူးကောင်တွေကို ငါနားလည်လာတယ်
နင့်မှာလက်သည်းကိုက်တဲ့အကျင့်ဖျောက်မရတာလည်း ငါနားလည်ပေးရမလိုပါပဲ
ရုပ်ရှင်ထဲမှာတော့
လွှစက်ကိုင်စိတ္တဇလူသတ်သမားကြီး
လိုက်လာနေတယ်။
အောင်မလေးဗျ
ကြောက်ပါပြီဗျ
စိတ်ပျက်စရာကြီးပါဗျ၊ ငြီးငွေ့စရာကြီးပါဗျ၊ ယုတ္တိမရှိတာကြီးပါဗျ။
လွှစက်ကြီး တဗြီးဗြီး။
စိတ်ပျက်စရာကြီးပါဗျ၊ ငြီးငွေ့စရာကြီးပါဗျ၊ ယုတ္တိမရှိတာကြီးပါဗျ။
လွှစက်ကြီး တဗြီးဗြီး။
တဗြီးဗြီးလွှစက်ကြီးက
ကိုယ့်လက်ထဲမှာပါလား။
ရှင် တခြားလမ်းရွေးချယ်ဖို့အတွက် ကျွန်မဆယ်နှစ်စောင့်ခဲ့တယ်
တစ်နှစ်ပတ်လုံးလုံး ကျွန်တော် ပြောင်းလဲဖို့ကြိုးစားခဲ့တယ်
ရှင် တခြားလမ်းရွေးချယ်ဖို့အတွက် ကျွန်မဆယ်နှစ်စောင့်ခဲ့တယ်
တစ်နှစ်ပတ်လုံးလုံး ကျွန်တော် ပြောင်းလဲဖို့ကြိုးစားခဲ့တယ်
နောက်ထပ်
တစ်နှစ်ပတ်လုံးလုံး ကျွန်တော် ပြောင်းလဲဖို့ကြိုးစားခဲ့တယ်
နောက်ထပ်
နောက်ထပ် တစ်နှစ်ပတ်လုံးလုံးများ ကျွန်တော်ပြောင်းလဲဖို့ကြိုးစားဆဲ။
ကိုယ့်လုံခြုံရေးအတွက်လား ကိုယ့်ကိုထိန်းချုပ်ဖို့အတွက်လား
ကိုယ့်ပခုံးပေါ်မှာ အထိန်းကွင်းကြီး စွပ်ချထားတယ်။
ရွေးချယ်စရာလမ်းမရှိ ပြန်လမ်းမရှိ
တံတားအကျိုးအပျက်တွေဟာ ကိုယ့်အောက်ကနေ တဝေါဝေါ ဖြတ်သွားနေတယ်။
ကိုယ့်လုံခြုံရေးအတွက်လား ကိုယ့်ကိုထိန်းချုပ်ဖို့အတွက်လား
ကိုယ့်ပခုံးပေါ်မှာ အထိန်းကွင်းကြီး စွပ်ချထားတယ်။
ရွေးချယ်စရာလမ်းမရှိ ပြန်လမ်းမရှိ
တံတားအကျိုးအပျက်တွေဟာ ကိုယ့်အောက်ကနေ တဝေါဝေါ ဖြတ်သွားနေတယ်။
သေချာတာက
ဆယ်နှစ်လုံးလုံး သူမနဲ့အတူရှိနေခဲ့တယ်။
တခါတလေ
သူမကို $ခွက်ရိုက်ခဲ့တယ် တခါတလေ သူမရှေ့ဒူးထောက်ပြီး ဖိနပ်စီးပေးခဲ့တယ်။
ရုပ်ရှင်ထဲမှာပဲ၊
အင်း ရုပ်ရှင်အပြင်ဘက်ရော ရှိသေးလို့လား။
မြင်နေရတာတွေက
သုံးဖက်မြင်တွေပဲ
ရုပ်လုံးကြွတွေပဲ။
ဒါကို မယုံလို့ ရီလေတီဗီတီသီအိုရီကို ယုံမလို့လား
ဒါကိုလက်မခံလို့ ကွမ်တမ်သီအိုရီကို လက်ခံမလို့လား
ဒါကို မယုံလို့ ရီလေတီဗီတီသီအိုရီကို ယုံမလို့လား
ဒါကိုလက်မခံလို့ ကွမ်တမ်သီအိုရီကို လက်ခံမလို့လား
ဒီမှာမနေလို့
ဘယ်သုံးဆယ်တစ်ဘုံမှလည်း အခုမှတ်ပုံတင်နဲ့ သွားနေချင်လို့မှ မရတာ။
ရုပ်ရှင်ဆိုပေမယ့်
တကယ်မြင်နေ
ကြားနေရတာတွေပဲ။
အစစ်အမှန်ဖြစ်ပျက်နေတာတွေပဲ
အစစ်အမှန်ဖြစ်ပျက်နေတာတွေပဲ
အစစ်အမှန်
ဖြစ်-ပျက်နေတာတွေပဲ။
“လက်ထပ်တော့မယ်ဆို
ဟုတ်လား”
ကမ္ဘာကြီးရဲ့လူကြီးကစားနည်းမှာ
စီနီယာ(အိမ်)ထောင်ဦးစီးတို့ သက်ဝင်ပျော်ရွှင်ပါစ။ ။
စီနီယာ(အိမ်)ထောင်ဦးစီးတို့ သက်ဝင်ပျော်ရွှင်ပါစ။ ။
မောင်ယုပိုင်
2012
sep
ကဗျာနဲ့ပတ်သက်လို့ မောင်ယုပိုင်ရဲ့စကား
ဒီကဗျာလေးက ဖြစ်လာခဲ့တာ။(သူတို့လိုတော့ မစွမ်းဘူးပေါ့ဗျာ) အိုင်ဒီယာကို
အဓိကယူမယ်၊ အကောင်းဆုံးစကားလုံးတွေရွေးချယ်
ဒါကလည်းတစ်နည်းပေါ့။ ကဗျာအရွေ့အပြောင်းတွေမှာ ပုံသဏ္ဍာန်ကစားဟန်တွေသာ
ရှိသယောင်ထင်ရပေမယ့် အော်လ်တာနေးတစ်ဖြစ်တဲ့အတွေးထော
လတ်ဆတ်ဆွဲဆောင်မှုရှိစေတာ အောင်ချိမ့်ရဲ့ကဗျာတွေက ဥပမာပဲ။
ခေတ်မီဆန်းသစ်စွာပုံသဏ္ဍာန်ကစားသူ
ဘ၀အမြင် အတွေးစိတ်ကူးကို သူ့ရဲ့ လိုတိုရှင်းကဗျာသုံးလေးပါဒမှာ
သွားသွားတွေ့ရတတ်လို့လည်း အောင်ချိမ့်ဟာ အောင်ချိမ့်ဖြစ်နေတာ ဖြစ်နေဆဲ
ဖြစ်လိမ့်မယ်။ ပြီးတော့ ပုဒ်ရေနည်းသလောက် တစ်ပုဒ်ဆိုတစ်ပုဒ်
တစ်ကြောင်းဆိုတစ်ကြောင်း ကိုယ့်ကိုအချိုးပြောင်းသွားစေတဲ
မောင်ပြည့်မင်း၊ ပြီးတော့ အခု
ကိုမိုးဝေးရဲ့တတိယအကြိမ်ပြောင်း
ကဗျာဗေဒတွေအများကြီးသူတို့ပတ်
ခနတော့ မျှောပါသွားဟန်ရှိတယ်။ ဒါပေမယ့် အခု သူတို့ကိုပြန်တွေ့တယ်။ ဒါဟာ
အံ့သြစရာပဲ။ မောင်ပြည့်မင်းနဲ့မိုးဝေး(ကျီး
ကဗျာဗေဒကဗျာရေးဖွဲ့ဟန်အမျိုးအစာ
မောင်ပြည့်မင်းနဲ့မိုးဝေးကိုပဲေ
သူတို့သိမှုအပေါ်မှာ ကပ်ငြိနေတဲ့ တခြားကဗျာဗေဒတွေအကုန်လုံး
တဖြည်းဖြည်းကွာကျသွားပြီး ကဗျာရေးသူတွေရဲ့ ဘ၀နေမှု ဘ၀သိမှုတွေသာလျင်
ကဗျာအပေါ်ပြန်လည်လွမ်းမိုးကြီးစိ
စောင့်ခဲ့ကြရလိမ့်မယ်။ ကျွန်တော့်တစ်ယောက်တည်းအနေနဲ့ေ
ကဗျာဆရာသဘာဝတရားလို့တောင် မှတ်ယူထားတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့
မတူကွဲပြားတဲ့ကဗျာသဘာဝတွေ
အပြန်အလှန်ပဲ့တင်ထပ်တွန်းတိုက်
အစဉ်အမြဲရွေ့လျားနေတဲ့သဘာဝရှိတဲ
ကဗျာလုံးဆိုင်ရာကဗျာရဲ့အဓိပ္ပါယ်
ကိုယ့်ရဲ့ကဗျာသဘာဝကဗျာမိုဒယ်နဲ့
တစ်နည်းအားဖြင့်ဘေးဖယ်ထုတ်တာပဲ။ ဒါက မိုးဝေ ဒါကရယ်စရာ ဒါက ခေတ်ပေါ်
ဒါကခေတ်ပြိုင် ဒါက အယ်လ်ပီ ဒါက အွန်လိုင်းလို့
ပုံသဏ္ဍာန်တွေနဲ့ချဉ်းကပ်တာဟာ ယေဘုယျကျလွန်းအားကြီးတဲ့
စွပ်စွဲချက်ဖြစ်ရုံကလွဲလို့ ကဗျာရေးသူတစ်ဦးတစ်ယောက်ချင်းရဲ
ဟန်တွေကိုတော့ လျစ်လျူရှုရာကျလိမ့်မယ်။ တစ်ယောက်ချင်းရဲ့ထူးခြားကဗျာဓာ
ကဗျာရေးဟန်တွေကို မမြင်နိုင်ဘဲ ခပ်လွယ်လွယ်သာ အသစ်အဟောင်းအကောင်းအဆိုး
ခွဲခြားဆက်ဆံမိကြလိမ့်မယ်။ ကျွန်တော့်အနေနဲ့တော့ အောင်ချိမ့်
မောင်ပြည့်မင်း နေမျိုး စသည်တို့ကို လက်မလွတ်နိုင်သေးသလို
ဇေယျာလင်းနဲ့မောင်ဒေးတို့ထံမှ
ပန်စကူး လွန်းဆက်နိုးမြတ် နေမြဲ ငြိမ်းစိုးဦး လင်းဇင်ယော် မှသည် ကနေ့
ကောင်းကင်ကို မြတ်သူ တေးခက် ဟံလင်း ဇက်ကကြိုး သကောင့်သား မင်းခိုင်မြဲ
ညံလင်း ဟိန်း စသူလူငယ်များအထိ လေ့လာလို့ကောင်းဆဲ။ ကျနော့အနေနဲ့တော့
သူတို့ (ပရင့်၊အွန်လိုင်း) ဘယ်လိုင်းကဆိုတာ စိတ်မ၀င်စား၊
သူတို့ကဗျာတွေဟာ ခေတ်ပေါ်ဟန်လား ရယ်စရာဟန်လား သရဖူ(ငြိမ်းအေးအိမ်)ဟန်လား
တာရာမင်းဝေစုတုပြုလား နယူးရော့ခ်ဂိုဏ်းဝင်တွေလား ဘာသာစကားအခြေပြုသူတွေလား
ဖလပ်တွေလား ပီအယ်လ်ပီတွေလား ကျွန်တော်နားမလည်။ ကျွန်တော်သိတာက
သူတို့တစ်ယောက်ချင်းစီရဲ့ကဗျာစာ
ကာလဒေသကို ဘယ်လောက်ထိ နားလည်ထားလဲ သူတို့အပေါ်ဖိစီးထားတဲ့ပယောဂတွေ
ဘယ်လောက်ထိ ကလန့်ကြည့်နိုင်လဲ ဆွကြည့်နိုင်လဲ
မေးခွန်းထုတ်တုံ့ပြန်နိုင်လဲ ပြီးတော့ သူတို့လက်ရာတွေမှာ
မြန်မာစာဝေါဟာရ၀မ်းစာဘယ်လောက်ရှ
ပေါ်ရက်ထရီမင်းတွေဆိုပါစို့ သူတို့ဟာ
ကဗျာအာရုံပါဝါဘယ်လောက်ထုတ်သုံး
သူတို့ကဗျာကိုချဉ်းကပ်ဆက်ဆံတယ်။ ဒါက စာဖတ်သူအမြင်ပါ။
ကဗျာညွှန်ကြားရေးမှူးအမြင်လို့ မထင်စေချင်ပါဘူး။
ခေတ်စားနေတဲ့ကဗျာမိုဒယ်တစ်ခုခုေ
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွေ့လျားပြုလုပ်နေကြတာကိုတွေ့ေ
ကျွန်တော် သူတို့ကို ကျေးဇူးတင်ရတာပေါ့။
အထက်မှာတွေ့ရတဲ့ ကျွန်တော့်ဖိုင်းဒီရုပ်ရှင်ကဗျာ
ခေတ်ပေါ်လူကြီးကဗျာသမားတွေအတွက်ေ
အွန်လိုင်းမှာအတွေ့ရများတဲ့ မီးခဲတရဲရဲလူငယ်တွေကြားချပြဖို့
ဒိထက်ဆွဲဆောင်မှုရှိဖို့တော့လို
အဲဒီလိုတိုရှင်းအိုင်ဒီယာဖရိန်
ကျွန်တော့်ရဲ့လတ်တလောဘ၀ဖြတ်သန်း
လူကြီးလူငယ်မရွေးသုံးစွဲနိုင်ေ
နောက်ပိုင်းကဗျာတွေ ရေးသားခြင်းမှာ အယူသီးမှုတစ်ခုက ကဗျာကို
ဘယ်လိုပုံသဏ္ဍာန်နဲ့မွမ်းမံသည်ြ
ရိုမန်တစ် သရုပ်မှန် မော်ဒန် ပို့စ်မော်ဒန်
ဆိုတဲ့အရွေ့ကိုပဲကြည့်လိုက်ရင် အရှိတရားနဲ့နီးနိုင်သမျှနီးအော
တွန်းရွေ့လာကြတဲ့အရွေ့လို့ပြဲ
မော်ဒန်(ခေတ်ပေါ်မဟုတ်ပါ) ကဗျာတွေ ကျွန်တော်ရေးဖွဲ့ခဲ့စဉ်က
အရှိတရားကနေရှောင်ဖယ်ဖုံးဖိနေသေ
မြင်နိုင်တာ။ နောက် ၂၀၀၅နှောင်းပိုင်း
ကဗျာဗေဒနဲ့အသစ်အဆန်းရေးဖွဲ့ဟန်ေ
လျှောက်လိုက်မိပြန်ရဲ့။ ဒါပေမယ့် ကိုယ့်အရေးအသားကိုယ်
မအီမသာဖြစ်နေတဲ့တစ်ချက်ကို ပြန်ဆင်ခြင်ကြည့်တော့
ကိုယ့်နောက်ဆုံးပေါ်ကဗျာတွေဟာ
ဟိတ်ကြီးဟန်ကြီးထုတ်ပြီးဂမ္ဘီ
အရှိတရားနဲ့ပိုပိုဝေးနေတဲ့အချက်
အတုအယောင်မျိုးစုံကို မီဒီယာမျိုးစုံကနေ တည်ဆောက်နေတဲ့ကာလကြီးမှာ
နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကဗျာအနုပညာကရော
ဘာအတွက်ကြောင့် ရှည်လျားထွေပြားလီဆည်နေအုံးမလဲ။ ဒီလိုနဲ့
ဟိုစမ်းဒီစမ်းနဲ့ရေးလာရာကနေ ကာလတစ်ခုကိုရောက်တော့
ကဗျာရဲ့အလုပ်လုပ်နိုင်မှု (မိမိသဘောကျတဲ့ကဗျာအလုပ်စွမ်းေ
ပုံသဏ္ဍာန်တွေ ရေးနည်းတွေနောက်လျှောက်လိုက်တာ
အမှန်တကယ်ကျင်လည်ရှင်သန်နေရတဲ့
ကိုယ့်ဘ၀ကိုယ့်ပတ်ဝန်းကျင်ကိုယ်
မေးခွန်းထုတ်နိုင်သလဲ ဘယ်လောက်ထိပါးပါးနပ်နပ်နဲ့ဝင်ပူ
တုံ့ပြန်အလုပ်လုပ်နိုင်သလဲဆိုတာ
ကိုယ့်အယူနဲ့ကိုယ် ကိုယ့်အရှိတရားစကားပြေကို လိုတိုရှင်းအိုင်ဒီယာဖရိန်ထဲ
ကောက်ထည့်လိုက်တယ်။ သမအောင် စီမံလိုက်တယ်။ ခိုမြီးဆက်လို
သပ်လျှိုထည့်လိုက်တာလည်းရှိသလို ဆူဒိုခုလို
ဖင်ခေါင်းချိပ်ဆက်လိုက်တာလည်းရှ
စိတ်ကူးစာသားနဲ့တကယ့်ဘ၀အကြောင်း
အပြောလွယ်သလောက်အလုပ်ခက်တယ်။ အတွေးထည်ရသလောက် အကောင်ထည်ဖေါ်ရာမှာ
ကိုယ့်ညံ့ဖျင်းမှုတွေ မြင်ရနိုင်တယ်။ အရှိတရားကိုကဗျာထည့်ကောက်ထည့်တာ
ကဗျာဓါတ်စီးမှုဇောကပ်မထားရင် စကားပြေထော့ကျိုးတွေဖြစ်ကုန်နို
နောက်ဆုံး လိုတိုရှင်းစိတ်ကူးထည်နဲ့တကယ့်
အစပ်အဟပ်ပြုပြီးတော့မှ ဒီကဗျာကို လွတ်ထုတ်လိုက်တာပါ။ ကျွန်တော့်ဖက်က
စွမ်းသမျှပဲပေါ့။ ကျန်တာကတော့ ဖတ်ရှုဖျင်ယူသူတို့အပိုင်း။
5D ရုပ်ရှင် ကဗျာရဲ့ ပထမ FORM က ဒီလိုပုံစံဗျ။
ပရိသတ်နဲ့ ရုပ်ရှင်ကြားက
ပိတ်ကားကို ဖြိုလိုက်တယ်။
ကြည့်သူကိုယ်တိုင်ဟာ ဇာတ်ကောင်
ရုပ်ရှင်ဟာ ဘ၀ထဲခုန်ဝင်လာပြီး
ဘ၀ဟာ ရုပ်ရှင်ထဲ လူးလိမ့်ဝင့်သွား။
ဘ၀ရုပ်ရှင်ထဲမှာ
မီးတောင်တွေပေါက်နေတယ်၊ ငလျင်တွေလှုပ်နေတယ်
ကမ္ဘာလောကကြီး အိုးထိန်းစက်ပမာ သွက်သွက်ခါနေတယ်။
ရွေးချယ်စရာလမ်းမရှိ ပြန်လမ်းမရှိ
တံတားအကျိုးအပျက်တွေဟာ ကိုယ့်အောက်ကနေ ဖြတ်သွားနေတယ်။
ကိုယ်က အာကာသထဲကျွံဝင်နေတာလား
အာကာသက ကိုယ့်ထဲကျွံဝင်လာတာလား
လွှစက်ကိုင်စိတ္တဇလူသတ်သမားကြီး လိုက်လာနေတယ်။
အောင်မလေးဗျ ဖြစ်ရ
အိုးမိုင်ဂေါ့ဖြစ်ရ
ကြောက်ပါပြီဗျဖြစ်ရ။
မြင်နေရတာတွေက သုံးဖက်မြင်တွေပဲ
ရုပ်လုံးကြွတွေပဲ
တကယ်မြင်နေ ကြားနေရတာပဲ။
အစစ်အမှန်ဖြစ်ပျက်နေတာပဲ
အစစ်အမှန် ဖြစ်-ပျက်နေတာပဲ။
ကမ္ဘာကြီးရဲ့ကစားနည်းအသစ်မှာ
ပျော်ရွှင်ပါစ။
ပရိသတ်နဲ့ ရုပ်ရှင်ကြားက
ပိတ်ကားကို ဖြိုလိုက်တယ်။
ကြည့်သူကိုယ်တိုင်ဟာ ဇာတ်ကောင်
ရုပ်ရှင်ဟာ ဘ၀ထဲခုန်ဝင်လာပြီး
ဘ၀ဟာ ရုပ်ရှင်ထဲ လူးလိမ့်ဝင့်သွား။
ဘ၀ရုပ်ရှင်ထဲမှာ
မီးတောင်တွေပေါက်နေတယ်၊ ငလျင်တွေလှုပ်နေတယ်
ကမ္ဘာလောကကြီး အိုးထိန်းစက်ပမာ သွက်သွက်ခါနေတယ်။
ရွေးချယ်စရာလမ်းမရှိ ပြန်လမ်းမရှိ
တံတားအကျိုးအပျက်တွေဟာ ကိုယ့်အောက်ကနေ ဖြတ်သွားနေတယ်။
ကိုယ်က အာကာသထဲကျွံဝင်နေတာလား
အာကာသက ကိုယ့်ထဲကျွံဝင်လာတာလား
လွှစက်ကိုင်စိတ္တဇလူသတ်သမားကြီး လိုက်လာနေတယ်။
အောင်မလေးဗျ ဖြစ်ရ
အိုးမိုင်ဂေါ့ဖြစ်ရ
ကြောက်ပါပြီဗျဖြစ်ရ။
မြင်နေရတာတွေက သုံးဖက်မြင်တွေပဲ
ရုပ်လုံးကြွတွေပဲ
တကယ်မြင်နေ ကြားနေရတာပဲ။
အစစ်အမှန်ဖြစ်ပျက်နေတာပဲ
အစစ်အမှန် ဖြစ်-ပျက်နေတာပဲ။
ကမ္ဘာကြီးရဲ့ကစားနည်းအသစ်မှာ
ပျော်ရွှင်ပါစ။
