သောက်တလွဲ
ကျောက်ခဲရဲ့ အချစ်မဲ့ဂစ်တာ
ပုံပြင်တွေ
ဝှက်ထားတဲ့ ကျောက်ခဲ
ကျောက်ခဲဟာ
ထောင်ဒဏ် ၂ နှစ်ကျခံရတယ်တဲ့
မြေပဲ
နှမ်း ကျောက်ခဲ သလဲနဲ့ ဗုဒ္ဓကမ္ဘာ
Blogger
ကျောက်ခဲကတော့ လူတွေလုပ်နေကျအတိုင်း အေးအေးလေးတွေနားထောင်တာကြိုက်
ဓါတ်ပုံများ
ဗွီဒီယိုများ စာများ ဆွေးနွေးချက်များ ကျောက်ခဲက ဆက်သွယ်လိုက်ပါပြီ
‘ထုလို့ပဲခြေခြေ
ကြေအောင်ပဲ ကြိတ်ကြိတ် အစိတ်စိတ်ပဲမွှာမွှာ
အလွှာလွှာပဲ လှီးလှီး
ငြီးတွားလို့လဲ ဒူမထောက် လက်မြောက်ပြီးလဲ
ရှုံးမပေး
လမ်းဘေးရောက်လဲ ၀မ်းမနည်း ဘ၀ကိုက ကျောက်ခဲလေ
လူမိုက်ဗိုလ်
ဟူသည် ကျောက်ခဲ ကဗျာဥယျာဉ် ကျောက်ခဲ’
ကျောက်ခဲ၏အိမ်ကလေးက
ရွှေမြို့တော်မှာ
ဒါပေမယ့်-
ကျောက်ခဲမဟုတ်ပါ (share) ကျောက်ခဲတစ်လုံးကို ရေထဲသို့ပစ်ချလိုက်သည်
ပလုံကနဲ
အသံကို ပြုလျက်
ကွယ်လွန်သူ ဦးဇော်ဝမ်းရဲ့ တခေတ်တခါက နာမည်ကြီးခဲ့တဲ့ ခေတ်ပြောင်း
ခေတ်လွဲ ကျောက်ခဲ
Art is my life ကျောက်ခဲ
ကျနော့်မှာ ပေါကြောင်ကြောင်နိုင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်တဲ့
ကျောက်ခဲက
‘Hey’ ‘လာလည်သွားပါတယ်’ ‘ဗျို့ လာလည်သွားတယ’်’ မင်္ဂလာပါ
လာလည်သွားပါတယ်နော် ကျောက်ခဲ’
ဒီလိုနဲ့ ပုံပြင်တွေ ၀ှက်ထားတဲ့ ကျောက်ခဲဆီ ပြန်ရောက်လာ
လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကျောက်ခဲ
ဘ၀ကလှတော့လှတယ်
အထီးကျန်မှုတွေက များနေတာတော့ ခက်တယ်ဗျာ(ကျောက်ခဲ)
မိန်းကလေးဟာ
ကျောက်ခဲ ဒါပေမယ့်
မိန်းကလေးဟာ
ကျောက်ခဲကို ကောက်ယူဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့
ပြီးတော့
မိန်းကလေးကို ကျောက်ခဲတစ်လုံးကောက်ယူခိုင်းတယ်
ကျောက်ခဲဟာ နေ့လည်ကအတွေ့အကြုံကိုသူ့သူငယ်ချင်းတွေကိုပြောပြနေပါတယ်
ကျောက်ခဲ ဆိုတဲ့
စကားလုံးကတော့ ကျနော်တို့ လို့ ဆိုလိုက်တာနဲ့ Geology ကျောင်းသားပေါ့
ကျောက်ခဲ
ရွေးပွဲမှာ ရဟုဒီကြီး၏ ဥယျာဉ်အတွင်း ... ရဟူဒီကြီးက
အိတ်တစ်လုံးယူ၍ အလစ်မှာ
ကျောက်ခဲကို ရွေးမိရင်တော့ အကြွေးတွေ လျော်ပစ်မယ် ဒါပေမယ့်
ကောင်မလေးကတော့ သူ့ကိုယူရမယ်
စာဖတ်သူတို့ ချက်တာက ဆန်ကို ချက်တာပါ ကျောက်ခဲ စကွဲတွေကို ချက်တာ မဟုတ်ပါ
မိုးကောင်ကင်
ကျောက်ခဲ (နောက်ထပ်) သောက်တလွဲ ကျောက်ခဲ
အချွန်အတက်တွေနဲ့ ကျောက်ခဲ လိမ့်ရတဲ့ အောက်ခံမြေက မာတော့ ပုံပြင်တွေ
ဝှက်ထားတဲ့ အခွံတွေ
အထပ်ထပ်နဲ့ကျောက်ခဲ
တနင်္လာနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၀၇ ခုနှစ် ၀၇ နာရီ ၁၃ မိနစ်
အီးမေးလ်ပို့ရန်
ပုလဲသားမှ ကြိုဆိုပါ၏ နစ်မြုပ်သွားသည် ကျောက်ခဲတွင် ခံစားချက်မရှိပါ
လမ်းခင်းသည့်နေရာ၌ ချီးမွမ်းစရာမလို
မြေရောင်းရန်ကြော်ငြာ computer for sale အပ်နှံကားရောင်းမည် ညှိနှိုင်းဈေးဖြင့် ကျောက်ခဲ အမြန်ရောင်းရန်ရှိသည်
အစ်ကိုကလည်း
ကျောက်ခဲ ပုခုံးကို ပုတ်ရင်း မာယာ မိုးစက်မှော် မိုးမခ မိုးသောက်ကြယ်
မျိုးချစ်မြန်မာ
ရှိုက်သံသဲ့သဲ့
ကျောက်ခဲကိုလည်း ကလိမ်ကကျစ် ရာသီက မသိကျိုး ကျွန်ပြုနေခဲ့၏
ရွှေမြို့သူသည်
ကျောက်ခဲအတွက် အမှတ်တရ ရေးခဲ့သည် ထိုစာမျက်နှာကို ကြည့်ရန် ကျေးဇူးပြု၍
စကားပြောရန်
မြို့ထဲဝင်ပါ ဒီနေ့တော့ ကျောက်ခဲတွေကို သူ စီကြည့်နေမိတယ်
ကျောက်ခဲရဲ့
profile: ပုစ္ဆာ
မျှော်စင်ကျွန်းကစိန်ခေါ်သံ
၎ မြေခပန်း
စင်္ကာပူ
ဘလော့ဂ်ကာ အစည်းဝေးသို့
မျှောင်လင့်ခွင့်
ဒါလားဟဲ့
မော်ဒန် (ဘယ်က လာသလဲ) ရေ နှင့် ကျောက်ခဲ ၊
မြေကြီး များ ရှိကာ
Kepler
22-b ကို ကမ္ဘာ မှ ခရီး နှင် ရန် မူကား များ စွာ အခက် အခဲ များ ရှိ သည် ဟု သိရသည်။
ခင်အောင်အေး
၂၉၊
ဇွန်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၂၂း၄၅ နာရီ
(ကဗျာခေါင်းစဉ်အရင်ရပြီးမှ
ကျောက်ခဲ ဟူသော စကားလုံးကို google search ထဲ ရိုက်ထည့်ပြီး
ပေါ်လာသမျှ
link များကို ကျပမ်း click ကြည့်ပြီး copy and paste ပြုလုပ်ခြင်းကို မဏ္ဍိုင်ပြု၍
စီရင်
ရေးဖွဲ့သည်။)
အတုယူ/နည်းမှီ/ကိုးကား
Google
Sculpted (Farlf)
-
ဂူဂဲလ် ထဲ အကြောင်းအရာ(၀ါ) စကားလုံးတွဲတစ်ခုကို ရိုက်သွင်းပြီး
ပေါ်ထွက်လာသော
စာသားများထဲက လိုရာ စကားလုံးတွဲ ၀ါကျများ
ကိုယူပြီး
ကဗျာပြုလုပ်ခြင်း။
(ဇေယျာလင်း၏
ဖြစ်နိုင်ခြေရှိသော ခေတ်ပြိုင်မြန်မာကဗျာ အလားအလာများ စာ- ၁၃၇)