အံ့ဘွယ်ပဲ

`လိုက်ခရာ´ ခြေစွပ်ကနေလွတ်မြောက်သွားအောင်
မိမိဆွဲချွတ်နေတဲ့ ဟောဒီမိမိရဲ့ ဘယ်ဘက်ခြေထောက်ပေါ့ ၊
အံ့ဘွယ်ပဲ ၊ တစ်ချိန်တုန်းက မိမိရဲ့ ဘိုးတံကိုင်ခဲ့တဲ့ လက်ရဲ့
အခုအဆစ်ရောင်နာဖြစ်နေတဲ့ လက်ချောင်းတွေ ၊ ဆီဇာဆိုတဲ့
ချယ်လိုတယောကြီးတစ်လုံးရဲ့ ကျေးကျွန်တွေ ၊ ပြီးတော့
ယောဟန် ဆဘတ်စ်ချင်န် ဘာ့ (က်)
သူ့ရဲ့ `ဆာရာဘန်း(ဒ်)´ ၊ C minor နဲ့ တီးတဲ့တေးစု ၊
အခုမိမိရဲ့မှတ်ဥာဏ်ကို လက်ညှိုးနဲ့ တိုးတိုးတိတ်တိတ်
ကလိနေတယ် ၊ စိတ်လျှော့လိုက်ရခြင်းနဲ့ အမှန်တရား။
ခါးကုန်းပြီး ခလုတ်နှိပ်လိုက်ရင် မီးပွင့်သွားတာကို အံ့ဩရင်း ၊
လက်ထဲစာအုပ်ကိုင်လျက်နဲ့ အိပ်ငိုက်လာလို့ အဲဒီမီးကို
ပိတ်လိုက်လို့ရတယ်ဆိုတာ ကိုလည်းအံ့ဩရင်း ၊
အမှောင်ထဲမှာပြန်ပေါ်လာကြတယ်
အဲန် စတီဗင်န်ဆင်န်ဆိုတဲ့ ချယ်လိုတီးနေတဲ့ မိန်းမပျိုလေး ၊
နျူးဟေဗင်န်က စည်းကမ်းကြီးတဲ့ ဆရာကြီး မစ္စတာ ထရူး(တ်)စ်ဝစ်က်
(`ထရိုဇီ´လို့ နာမည်ပြောင်ပေးခဲ့တယ်) ၊ အဲန် အာဘာမှာ
ချစ်ကြောက်ရိုသေရတဲ့ ၊ စကားနူးနူးညံ့ညံ့ပြောတတ်တဲ့
ဆရာကြီးမစ္စတာ အဲဒလ်။ နှစ်ယောက်စလုံးသေတာကြာပြီ။
လှပတဲ့ ဒူရိယာ ပစ္စည်းတွေထဲက သက်ရှိဝိဥာဉ်တွေ။
ဟာ(ရ်) ဟေဒင်န် ၊ ဆီညော်ဘောခရီးနီး ၊ မွန်ဆီယာ ဆော်န်ဆဲန်နဲ့
မစ္စတာ အဲလ်ဂါ။ သူတို့လည်း သွားကြတာကြာပြီကော။
မိမိရဲ့ နားထိုင်းနေတာကို မိမိနားမထောင်တတ်ခင်က
မိမိဘယ်လိုမှ တတ်မြောက်အောင် မတီးခတ် နိုင်ခဲ့တဲ့
`ကွန်ချာတို´ တွေထဲမှာ သူတို့ဆက်လက်ရှင်သန်နေကြတယ်။
ဒါဟာ မိမိရဲ့ ဘယ်ဘက်ခြေထောက် ၊ ကဗျာလေ ။ ။

အဲန် စတီဗင်န်ဆင်န်

ဇေယျာလင်း ဘာသာပြန်ဆိုသည်
(Poetry Review မဂ္ဂဇင်း Vol. 101:3 Autumn 2011 မှာ ဖေါ်ပြပါရှိတဲ့
 ဗြိတိသျှကဗျာဆရာမ Anne Stevenson ရဲ့ `How Astonishing --´ကဗျာကို မြန်မာဘာသာပြန်တာဖြစ်ပါတယ်။)



No comments:

Post a Comment