အောက်ဆီဂျင်ကောင်းကင် (မြေချစ်သူ)

၁။
ဖြစ်ပျက်မှုအစဉ်ကြားမှာ
ခင်ဗျား..
ဘာရုပ်ရှင်ကား ကြည့်နေသလဲ။
အီလက်ထရောနစ်တစ
ဘ၀ရဲ့ပြကွက်တခု
လူမှုဗေဒ ရောင်စုံ
ရင်ခုန်သံ ဆေးသား
ရထားတစ်စီး ခုတ်မောင်းသွားဆဲပေါ့။
၂။
သေချာမှုတစ်ခု
ကုသိုလ်ကံမှန်သား
ရွေးချယ်မှုများကြား
ဘာများနမ်းရှုံ့ဦးမှာလဲ။
“နားလည်မှုကိုစောင့်စား
ဒီထက်ကြီးမားတဲ့အမှား
ဘာများကော ရှိအုန်းမှာလဲ…ကွယ်”
ချစ်ဖို့ကောင်းသူရဲ့
(တစ်ဝက်ချစ်ခဲ့သူရဲ့) အဲသလို
ဖြူစင်မှုနာရီသံများ
အလျားလိုက်ပွင့်ဝေနေဆဲ
တချို့လည်း ရွှန်းစိုရင့်မှည့်ပြီးပြီ။
၃။
မြို့ပြရဲ့မြစ်ထဲမှာစိမ်
လူ့ဘ၀ အလေးချိန်မဲ့
သင့်ရဲ့အိမ်မှာ ချိုမြိန်ပါရဲ့လား။
၎။
ဘာပဲဖြစ်စေ
တွေဝေမဲ့ကင်း
ပြတင်းတံခါးကို နှင်းများနှင့်ဖွင့်ပါ။
သင်နဲ့အတူမောင်းနှင်
အောက်ဆီဂျင်လောကဓါတ်လွင်ပြင်ရဲ့
မြင့်မြတ်မှုတာဝေးသစ်မှာ
နွေးထွေးသော ကောင်းကင်တစ်ခု
ယခုပင် ဖြစ်ထွန်းခဲ့တော့၏။ ။

မြေချစ်သူ
၁၇၊ ၁၀၊ ၁၉၈၇

မြန်မာသစ် ရသစုံမဂ္ဂဇင်း အမှတ်(၂၃) ဇွန်လ၊ ၂၀၁၁

2 comments:

  1. တွေဝေမဲ့ကင်း
    ပြတင်းတံခါးကို နှင်းများနှင့်ဖွင့်ပါ။
    သင်နဲ့အတူမောင်းနှင်
    အောက်ဆီဂျင်လောကဓါတ်လွင်ပြင်ရဲ့
    မြင့်မြတ်မှုတာဝေးသစ်မှာ
    နွေးထွေးသော ကောင်းကင်တစ်ခု----

    ကဗျာကောင်းလေးတွေအမြဲလာရောက်ဖတ်နေပါတယ်

    ReplyDelete
  2. “နားလည်မှုကိုစောင့်စား
    ဒီထက်ကြီးမားတဲ့အမှား
    ဘာများကော ရှိအုန်းမှာလဲ…ကွယ်”...........

    ReplyDelete