ကိုယ်ပိုင် ဟယ်လီကောန်


မိုက်ကယ်လောင်လီဖို့


ကလေးဘဝက ကျုပ်ကို ပုံးနဲ့ စက်သီးနဲ့ ရေတွင်းတွေ
ရေစုပ်စက်ဟောင်းတွေက နှင်လို့ မရကြဘူး၊
မည်းမှောင် ချောက်၊ လှောင်ပိတ်မိ ကောင်းကင်၊
ရေပေါင်းပင်၊ မှို၊ စိုထိုင်းထိုင်းမှော်တို့ရဲ့ ရနံ့ကို ကျုပ်နှစ်သက်ခဲ့။

တစ်တွင်းက၊ အုတ်သမံတလင်းမှာ သစ်ဆွေး အဖုံးနဲ့၊
ကြိုးတစ်စရဲ့ အဖျားက ရေပုံး ထိုးဆင်းအသွား
ကြွယ်ဝတဲ့ ဝုန်းဒိုင်းအသံ ကျုပ်အရသာ ခံမိ၊
နက်လွန်းသမို့ ဘာအရိပ်ကမှ မမြင်ရ။

ကျောက်တုံး မြောင်းခြောက်အောက်က ရေတွင်းတိမ်တိမ်
ငါးပြတိုက်နှယ် အပင် ထူထူထဲထဲ။
ဒိုက်သရောပျော့ထဲက အမြစ်ရှည်တွေ ဆွဲထုတ်လိုက်တော့
မျက်နှာဖြူဖြူတစ်ခု အောက်ခြေထက် ပျံဝဲ။

တချို့တွင်းတွေက ပဲ့တင်သံနဲ့၊ ကိုယ့်အသံကိုပဲ
သန့်ပြန့်သစ်လွင်ဂီတနဲ့ ပြန်ပေးရဲ့၊ တစ်တွင်းကတော့
လန့်စရာ၊ ဖန်းပင်၊ မြေခွေးလက်အိတ်ပင်ရှည်တွေထဲကနေ
ကျုပ်ပုံရိပ်ပေါ် ကြွက် ဒုန်းစိုင်းပြေးပေါ့။

ခုတော့ သစ်မြစ်တွေထဲ ချောင်းကြည့်၊ ရွှံ့စေးကို စမ်းကြည့်၊
နာဆီယာ့စ်မျက်လုံးပြူး၊ စမ်းချောင်းထဲ ပြူးကြည့်ဖို့ဟာ
လူကြီး ဂုဏ်သိက္ခာနဲ့ မတန်ချေပြီ၊ ကိုယ့်ကိုယ်ကိုယ် ကြည့်ဖို့၊
အမှောင်ထု ပဲ့တင်ဟည်းစေဖို့၊ ကျုပ် ကာရန်သီတော့တယ်။ ။

ရှေးမာ့စ် ဟေနီ
(ဘာသာပြန် မောင်သာနိုး၊ တောမှော်ရုံလမ်း စာအုပ်မှ-)

Personal Helicon

(For Michael Longley)

As a child, they could not keep me from wells
And old pumps with buckets and windlasses
I love the dark drop, the trapped sky, the smells
Of waterweed, fungus and dank moss.

One, in a brickyard, with a rotted board top
I savoured the rich crash when a bucket
Plummeted down at the end of a rope.
So deep you saw no reflection in it.

A shallow one under a dry stone ditch
Fructified like any aquarium.
When you dragged out long roots from the soft mulch.
A while face hovered over the bottom.

Others had echoes, gave back your own call
With a clean new music in it. And one
Was scaresome for there, out of ferns and tall
Foxgloves, a rat slapped across my reflection.

Now to pry into roots, to finger slime.
To stare, big-eyed Narcissus, into some spring
Is beneath all adult dignity. I rhyme
To see myself, to set the darkness echoing.

Seamus Heaney

ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ


ပက်ပက်စက်စက် ဆဲပစ်လိုက်ဖို့ အားယူရင်း အသက်ကိုရှူသွင်းလိုက်စဉ်
မှိုတက်နေသော ဒိန်ခဲ လှပခြင်း ဒီမိုးလေဝသအခြေအနေကို ငါ မကြိုက်ဘူး
အလွယ်တကူ မလှုပ်နိုင် မကျနိုင် အာစေးထည့်ထားသလို လျှာ လိပ်များ
စည်းမပီ ဝါးမမိ ကြုံသလို ကျရာနဲ့တီးခတ်မှုမှာ လက်ကွေး ခြေလိန်အက
ကျွတ်ရွနေအောင် မီးပြင်းဖြင့် ကျော်လှော်ထားပြီး လက်သည်းခွံခန့်လိုဂိုတံဆိပ်
ဘယ်တော့မှ တစ်ကြောင်းဖြတ်ထည့်ရန် အရူးအမူး ပျော်ရွင်ရသည့်ပွဲမျိုး
ဝမ်းနည်းဝမ်းသာ မျက်ရည်စီးလည် ဆို့နင့် လီမွန်တီး ဖြင့် ဧည့်ခံရသည့်အခါမျိုး
ခါးက ဘောင်းဘီကို အတွင်းခံနဲ့ပါ လုံးထွေးရောပေါင်း လျှောချလိုက်ပြီး
အိမ်သာကမုတ်ပေါ်ဖင်ထိုင်မိသလို
ပြင်းထန်တဲ့ နိမိတ်ပုံများ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ အာဏာပိုင် တံဆိပ်ဝိုင်း ထင်းထင်း
မင်းတို့ ပျင်းလဲ ငပျင်းပဲရှိမယ် ကမ္ဘာမှာ အပျင်းရောဂါဆိုတာ ရှေးအကျဆုံးရောဂါ
ဝေါကနဲ အရှိန်မြှင့် မောင်းလိုက်တဲ့ အင်္ဂျင်စက်သံနဲ့ မရှေးမနှောင်း ကျွီ ဟီ ဟီ ဝုန်း ဒိုင်း လဲပြိုသံ
ခုဆို ကျုပ်က ဘာမဟုတ်တဲ့ ဘာမှမဟုတ်တာကို အူလှိုက်သည်းလှိုက်အရသာခံတတ်နေပြီ ပြဇာတ်
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ
သူ့အသက် ကိုယ့်အသက်လုရတဲ့ အခါ စံပါယ်ပန်းများ မြေမှာ ဖွေးဖွေးလွေ့လွေ့
ပိုင်ဟွေ့အင်္ကျီနဲ့ Ah-Q ကြိမ်ကုလားထိုင်ပေါ်မှာ တရုတ်လက်ရာ ပရိဘောဂတွေကြား
ပြက္ခဒိန်အကြောင်းပြောပြန်ပြီ စဉ့်တီတုံးပေါ် တဒုတ်ဒုတ် ဓါးချက် ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်
ကျစ်ဆံမြီးနဲ့ စက္ကူယပ်တောင် လက်က မချစတမ်း ခုတော့ သူ့လက်ထဲက မာပယ်လ် ရွက်ကြွေ
တဟွတ်ဟွတ်ချောင်းဆိုးတဲ့ကြားက ဘယ်လို ကာရန်နဲ့ဖွဲ့သီတဲ့ ကဗျာအမျိုးအစားပါလိမ့်
တံမြက်စည်း ဝါးရုံ အကောင်းစားကြွေလက်ဖက်ရည်ခွက် မီးဟုန်းဟုန်း ဒေါသ
ပက်ပက်စက်စက် ဆဲပစ်လိုက်ဖို့ အားယူရင်း အသက်ကိုရှူသွင်းလိုက်စဉ်
မှိုတက်နေသော ဒိန်ခဲ လှပခြင်း ဒီမိုးလေဝသအခြေအနေကို ငါ မကြိုက်ဘူး
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ
သူ့အသက် ကိုယ့်အသက်လုရတဲ့ အခါ စံပါယ်ပန်းများ မြေမှာ ဖွေးဖွေးလွေ့လွေ့
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ
ပြင်းထန်တဲ့ နိမိတ်ပုံများ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ အာဏာပိုင် တံဆိပ်ဝိုင်း ထင်းထင်း
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ
မင်းတို့ ပျင်းလဲ ငပျင်းပဲရှိမယ် ကမ္ဘာမှာ အပျင်းရောဂါဆိုတာ ရှေးအကျဆုံးရောဂါ
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ
ကျစ်ဆံမြီးနဲ့ စက္ကူယပ်တောင် လက်က မချစတမ်း ခုတော့ သူ့လက်ထဲက မာပယ်လ် ရွက်ကြွေ
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ

ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ဖုံးဖိဖို့ကြိုးစားတဲ့ကြောင်လို သတ္တဝါ။     ။

ခင်အောင်အေး
၃၀၊ ဒီဇင်ဘာ၊ ၂၀၁၀ ဘန်ကောက်ချိန် ၂၁း၀၄ နာရီ


















ချန်ပီယံ ဒါပေမယ့် ချန်ပီယံ



ချန်ပီယံ
ဒီမှာ ချန်ပီယံ
မြန်မြန်လာပါ ချန်ပီယံ
မြန်မြန်သွားပါ ချန်ပီယံ
ချန်ပီယံ ဒါပေမယ့် ချန်ပီယံ။

ချန်ပီယံ
ဒါတွေက ဒီလိုရှိတယ်
ဟိုဟာတွေက ဟိုလိုရှိတယ်
ဟိုလမ်းတွေကို မသွားနဲ့
ဟိုဟာတွေကို မစားနဲ့
ချန်ပီယံ ဒါပေမယ့် ချန်ပီယံ။

နာနတ်သီးထဲမှာ ဝီစကီတွေရှိတယ်
လမ်း ၄၀ ထိပ်မှာ ဂျွန်မိုးရေ ရှိတယ်
ဗိုလ်အောင်ကျော်လမ်းထိပ်မှာ
သူငယ်ချင်း ဆိုးတိုင်ပင် ရှိတယ်
ချန်ခဲ့မှာလား ချန်ပီယံ
ဆန်ခဲ့မှာလား ချန်ပီယံ
ယံခဲ့မှာလား ချန်ပီယံ
ဒီနေရာမှာ ဒီဟာထား
ဟိုနေရာမှာ ဟိုဟာထား
ချန်ပီယံ ဒါပေမယ့် ချန်ပီယံ။

ချန်ပီယံ
လှိုင်းကြီးတယ်
အပူကြီးတယ်
ရင်ပူတယ်
အသံလေးတွေ ကျန်သေးတယ် ချန်ပီယံ
ချန်ပီယံ ဒါပေမယ့် ချန်ပီယံ။    

မောင်ချောနွယ်
(Idea)

ကိုယ်ရေး အထုပ္ပတ္တိ အကျဉ်း


ဗီယက်နမ်ကဗျာဆရာတစ်ယောက်လို ငါနေထိုင်
ဂျမေကာကျွန်းသားတစ်ယောက်လို ငါခံစား
အာဖရိကန်မုဆိုးမတစ်ယောက်လို ငါအိပ်စက်
ကိုလံဘီယာ အလုပ်သမားတစ်ယောက်လို ငါရှုမျှော်
သြော်...
ငါ တပ်မက်တဲ့ ကမ္ဘာကြီး။

ငါးမန်းဟာ
ဆားငန်ရေနဲ့ အသားတုံးငတ်သလို
ငါလည်း အချစ်နဲ့ အသစ်ကို ငတ်မွတ်မိ
နွေဦး (၄၀) ရှိခဲ့ပါပြီ။

နွေဦး (၄၀) ရုပ်ရှင်မှာ
ဗီလိန်လည်းလုပ်ခဲ့ရ
ဇာတ်လိုက်လည်းဖြစ်ခဲ့ရ
ထောင်ချောက်လည်းနင်းခဲ့ရ
ပိုက်ကွန်လည်းချခဲ့ရ
ပျားရည်လည်းလျက်ခဲ့ရ
ဆေးခါးကြီးလည်းသောာက်ခဲ့ရ
နတ်ပြည်လည်းတက်ခဲ့ရ
ငရဲပြည်လည်းကျခဲ့ရ
သေနတ်ပစ်ခန်းလည်း ကြုံခဲ့ရ

သခင်ကိုယ်တော်မှိုင်းနဲ့ အိုင်းစတိုင်းကို ကြိုက်ခဲ့တာ
ကက်သရင်းဇီတာဂျုံးနဲ့ မော်စီတုန်းကို ကြိုက်ခဲ့တာ
ရော့ခ် သီချင်းနဲ့ အရက်ပြင်းကို ကြိုက်ခဲ့တာ
ပြင်သစ်ကော်ဖီနဲ့ ဂျင်းဘောင်းဘီကို ကြိုက်ခဲ့တာ
မုန့်ဟင်းခါးနဲ့ မက်ဒေါနားကို ကြိုက်ခဲ့တာ
နေကာမျက်မှန်နဲ့ ခြံထွက်သီးနှံကို ကြိုက်ခဲ့တာ
မဟတ္တမဂန္ဒီနဲ့ မိုဒီကလျာနီကို ကြိုက်ခဲ့တာ
မြို့မငြိမ်းနဲ့ ကတ်ကိုဘိန်းကို ကြိုက်ခဲ့တာ
ငါးသလောက်နဲ့ မမနုကို ကြိုက်ခဲ့တာ
ငါဟာ တကယ့်ကို ပုထုဇဉ်ပဲ။    ။

မိုဃ်းဇော်
(ရုပ်ရှင်တေးကဗျာ)

၃၅ ကြိမ်မြောက် မှော်ဆရာ

‘ စံပယ်တွေ…
  စံပယ်တွေ…’
မသေသေးချင်အောင် တဖျင်းဖျင်းအဆိပ်တက်
မနက်ခင်း ခန်းလုံးပြည့် ထောင့်တိုင်းနှံ့
မကြားဝံ့ ငါမခေါ်
သြော်၊ သူရဲကောင်းကြီး ဘုန်းဘုန်းလဲကျခဲ့ပြီ။

မထိုက်တန်သူ
ဘာနဲ့မှ မထိုက်တန်သူ
တစ်ကိုယ်ကောင်းစိတ်များများ
ဆားများများ
အမှားများများ
တစ်ဘဝလုံး ပေးဝယ်ထားပြီး ဝှက်ချန်ထားတဲ့ ဖဲချပ်
အံ့သြလောက်အောင် ယပ်ခပ်ခဲ့ပြန်ပြီ။

ငါဟာ ဖော်ဝေးပါ
ငါဟာ ဒီလန်တောမတ်စ်ပါ
ငါဟာ အောင်မြင်သွားတဲ့ မာယာကော့ဖ်စကီးပါ
ငါဟာ ငါသိပ်မသိတဲ့ အိလိယော့ပါ
အဲသလို ဒူးတဆတ်ဆတ်တုန်နေပုံဟာ
ကင်းပတ်စ တစ်စ
မြို့တစ်မြို့
လည်ချောင်းကို ဆို့တက်လာတဲ့ အဆုတ်မှလေများ
ကြွားလုံးကြီးကြီးနဲ့ စုပ်ယူ
ရူပဗေဒရဲ့ စကြာဝဠာနဲ့ ခပ်ဆင်ဆင်တူသပေါ့။

ခုလို
ယိုစီးနေတဲ့ အချိန်ကျမှ
လောကကြီးကို ပိုချစ်လာသလို
မဖျားယောင်းလိုပါ။

နေ့ရက်တွေကို ရေတွက်ဖို့သက်သက်
ကွဲအက်ခြင်း
မျိုချခြင်း
မတော်တဆဖြစ်ခြင်း
အလင်းရောင်တလျှောက် စုပြုံတင်ထားရုံမျှ
ပါးလျားခဲ့ရတယ်။

အိပ်ယာဝင်ကားနီး
မီးခလုပ်ပိတ်ပြီး လှဲမချခင်
ယန္တရားစက်ကြီးတစ်စင်း လှုပ်ရွ
ကြမ်းပိုးရှာသလို
အနာဂတ်ကို နက်နက် တူးကြည့်ဖြစ်သွားသတဲ့။

ရင်ဘတ်ကို
ပင်အပ်ဖြင့် ထုတ်ချင်းဖောက်ခတ်ကာ
‘ ငါ့ကို ဆူးခြစ်မိတာပါ ’
အဲဒီ့စကားဟာ မသမာပါဘူး။      ။

အောင်ချိမ့်

(ကဗျာ ၁၂ ပုဒ် စုစည်းမှု-၂ ကဗျာစာအုပ်မှ)

မှတ်ချက်။  ။ မူရင်းတွင် 'ဒီလန်တောမတ်စ်' 'မာယာကော့ဖ်စကီး' 'အဲလိယတ်' တို့အတွက် ခရေပွင့်အမှတ်အသားဖြင့်
အောက်ခြေမှတ်စု ဖော်ပြထားသော်လည်း ယနေ့ခေတ်အခါမျိုးတွင် အမှန်တကယ် ကဗျာလိုက်စားသူများအတွက်
မလိုအပ်တော့ဟု ယူဆပါသဖြင့် ဖြုတ်ပယ်ထားခဲ့ပါသည်။

burmese poetry foundation group

The 35th Magician


Jasmines!
Jasmines!
poinson taking its toll bit by bit so not anxious to die yet
morning, the room full, spreading to every corner
not daring to hear, I don’t call
ah, the great hero has fallen down with a thud

unworthy
unworthy of anything
 a lot of selfishness
a lot of salt
a lot of blunders
a card bought for a whole life then hidden
now wonderfully fanned

I am Phaw Way
I am Dylan Thomas
I am Mayakovsky who has achieved success
I am Eliot whom I don’t know much
the knee trembling like that
a canvas
a city
air coming up from the lungs to block the throat
sucking in with a large boast
looks like the universe of physics

as if one had come to love the world all the better
only now
when it is dripping away-
I don’t want to be deceptive

merely to count the days
cracks
gulps
accidents
just to amass them along the light
one slims down

about to go to bed
before lying down after switching off the light
a big machine begins to stir
as if hunting for bed-bugs
has dug deep to look at the future

the chest
being pierced through with a pin
‘I’ve just had a scratch with a thorn’
that’s unscrupulous speaking.

Aung Cheimt
Translated by Maung Tha Noe
(From 12 POEMS, collection-2)




ရေအိမ်



ယဉ်ကျေးခြင်းသည်
တစ်ဦးအိတ်ထဲမှ ပိုက်ဆံများ
တစ်ဦးထံသို့
ညင်သာစွာ ရောက်ရှိလာရန်လိုသည်။

ပန်းတွေ
ရေမွှေးပုလင်းထဲ ရောက်ရှိ
သစ်သီးများ
ဝိုင်ပုလင်းထဲ ရောက်ရှိ
ကျွန်းပင်များ
ဧည့်ခန်းဆောင်ထဲ ရောက်ရှိ
အဏုမြူများ
နျူကလီးယားဗုံးထဲ ရောက်ရှိ
ဘယ်လောက်သိမ်မွေ့လိုက်သလဲ။

ခေတ်လူသားသည်
ရေလောင်းအိမ်သာပေါ်မှာ
အညစ်အကြေးတွေ မမြင်ရအောင်ထိုင်နေသလိုလေ
ကျွန်တော်တို့ နေထိုင်ခဲ့ပြီ။    

သုခမိန်လှိုင်

(ပင်လယ်မှာပျောက်ဆုံးသွားသောအရာ ကဗျာစာအုပ်မှ)

Water Closet



Civilization demands
Money from one person’s purse
To get smoothly
Into another’s

Flowers
To get into the perfume bottle
Fruits
Into the wine bottle
Teak trees
Into the drawing-room
Atoms
Into the nuclear bomb
How gentle!
Just as the modern man
Sits on the toilet
So you won’t see the waste matter
We’ve lived

Thukhamein Hlaing
 Translated by Maung Tha Noe
(from “Thing lost at sea”)

မိန်းမကိုချော့ခြင်း



ကမ္ဘာဦးလို
မီးကို စတင်တွေ့ရှိလိုက်တဲ့ အိမ်ထောင်ရေး
လေတိုက်တော့ မြည်တဲ့အသံမှာ
ခေါင်းလောင်းအိုးကို
မာကြောတဲ့အရာနဲ့ တည်ဆောက်ရတယ်
မိန်းမဟာ ယောက်ျားမရှိပဲ ပြည့်စုံမလား
မေးခွန်းက အိပ်ရာကို လုံးချေလွှင့်ပစ်လို့
ပြတင်းပေါက်တွေကို ဆောင့်ကြီးအောင့်ကြီး ပိတ်လို့
လက်ထဲက မိန်းမဟာ လွတ်ကျလို့
တကယ်တော့ ပြန်ပေးဆွဲထားတာ မဟုတ်ဘူး။

စိတ်ကူးက လွန်ခဲ့သောနှစ်များဆီ ကျကွဲစဉ်
အကောင်းပြန်ဖြစ်ပါ့မလား နေ့များ
အချစ်က နှုတ်ခမ်းပဲ့လို့
အလွမ်းအဆွေးက စလောင်းရွဲ့လို့
အရာရာလှိုင်းပါတဲ့ ကြေးမုံထဲကရုပ်လို တွန့်လိမ်လို့
ဒီမျက်နှာဟာ
အရင်မြင်ဖူးတဲ့ မျက်နှာ မဟုတ်တော့ဘူး။

လမ်းထဲက ကလေးတွေ ပြေးလွှားဆော့ကစားတာကြည့်
မင်းကို စတင်တွေ့ရှိတာ အဲဒီလို ကိုယ်တုံးလုံးလေး
မီးကို စတင်တွေ့ရှိသလို
သားကောင်ကို ပစ်ခတ်ထိမှန်သွားသလို
ဟာသနဲ့
တံခါးကို မသိမသာဖွင့်ဝင်လိုက်တယ်
အထဲမှာ အရွယ်တင်နေဆဲမိန်းမတစ်ယောက် မဲ့ပြုံးပြုံးလို့။    

ဝင်းမြင့်