သတ်သေသူများ

ငါ့ခန္ဓာကိုယ်ထဲမှာ မျိုးဆက် နှစ်ဆယ် ရှိခဲ့တယ်။
အနည်းဆုံး။
ဘာကြောင့်လဲတော့မသိ။ မနက်တုန်းက
ပြတင်းပေါက်ပွင့်နေလို့များလား မပြောတတ်
ငါတို့ထဲက တစ်ယောက် အပေါ်ဆုံးထပ်က ခုန်ချသွားတယ်။

သူပြီးတော့ တစ်ယောက်ပြီး တစ်ယောက်
ငါတို့တွေတစ်ယောက်မကျန် ဒိုင်ဗင်ထိုးစင်ပေါ်က
ခုန်ချသလို ခုန်ချနေလိုက်ကြတာ သံကြိုးတွဲလိုက်ကြီးလို
အစုလိုက်အပြုံလိုက် သတ်သေတတ်တဲ့ ကြွက်တွေလို။

နာရီဝက်လောက်ကြာတော့
မိမွေးတိုင်း ဖမွေးတိုင်း ငါကိုယ်တုံးလုံး။
အများယောင်လို့လိုက်ယောင်ရတာကို ရှက်ရှက်နဲ့ ငါလည်းခုန်ချလိုက်တယ်။
တိုက်အမြင့်လေးထပ်နားလောက်မှာ ငါအသက်ထွက်သွားပုံရတယ်။
နှစ်ထပ်တောင်မရောက်သေးဘူး
ငါ့အကြောင်းလူတွေစကားထဲထည့်မပြောတော့။

ဒါမင်းကို
ဖြတ်သွားဖြတ်လာ တစ်ယောက်ကပြောပြနေတာ။
သူလည်း ငါတို့ထဲကတစ်ယောက်ပဲ။
နှင်းဆီနံ့ရလို့ထွက်ကြည့်တာတဲ့။

Romania နိုင်ငံသား ကဗျာဆရာ Marin Sorescu (1936-1996) ၏ Suicide ကို ကိုကိုသက် မြန်မာမှုပြုသည်။

No comments:

Post a Comment