၁၉၇၆တုန်းက ကဗျာတစ်ပုဒ်

ခုန သူပြောတာ
အရင်က ကျွန်တော် မပြောဖြစ်တာတစ်ခုပေါ့။

တို့တွေ ကံကောင်းခဲ့ကြတယ်
(ထင်တာဘဲ)
နှစ်များ ခေတ်များဟာ
လူ့မျက်နှာများကို အသက်ကြီးလာစေတယ်
တို့နှစ်ယောက် ဆုံတဲ့အခါ
ပိုင်ရှင်ရှိခွေးတစ်ကောင်ဟာ
မကိုက်တတ်တော့ဘူး။

မုသာဝါဒဟာ
သခင်အရေးမပြုတော့လို့မို့
စက္ကူစုတ်ခြင်းတောင်းထဲ လုံးထွေးလို့။

“ဒီမှာ….
ဒါယူမလား
ပေးမလို့”တဲ့။

ကမ္ဘာ့မြေပုံတစ်ခုမှာ
စစ်ဖြစ်နေတာပဲလေ
“အင်းလေ၊ ယူမှာပေါ့။”

သူ့ဆံပင်တွေက ကွေးကွေးကောက်ကောက်နဲ့
ရှုပ်ပွလို့
ကျွန်တော့်ဆံပင်တွေလိုပဲ။

ကျန်းမာရေးကလည်းညံ့
ချူချာ
ဘဝကိုငေးလို့။

ပုလင်းနဲ့ပုလင်းအဖုံးလို
တစ်ယောက်ကိုယ်တစ်ယောက် မုချလိုအပ်သူတွေရှိတယ်
သတိရကြ။ ။

အောင်ချိမ့်
(အေးမြကမ္ဘာမဂ္ဂဇင်း၊ ဇွန် ၁၉၉၄)
ကဗျာ ၁၂ပုဒ် (၃) စာအုပ်၊ (ပ-ကြိမ်၊ ၂၀၁၀နိုဝင်ဘာ ဇင်ရတနာစော စာပေ) မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment