စိတ်အားငယ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတို့ရဲ့ အင်ဂျင်များ



မိုးကောင်းကင်ဟာ စိမ်းနေတယ်။ စိမ်းနေခြင်းရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့သိဖို့ ဘာစာအုပ်မှလည်း
မရှိဘူး။ မိုးရွာနေတာ ဘယ်တုန်းကမှ မတိတ်ခဲ့ဘူး။ ယောက်ျားသုံးယောက်ရှိတာ၊ လေးယောက်
စကားပြောနေကြတယ်။ မိန်းမ တယောက်ဟာ လျှာအောက်မှာ တီကောင်တွေရဲ့ ဓါတ်ပုံတစ်ပုံ
သယ်ဆောင်ထားတယ်။ ကျွန်တော့်အလှည့်မရောက်သေးပဲ ကျွန်တော်ဝင်ပြောမိပြန်ပြီ။ အချိုး
အစားတွေဟာ ကိုးလိုးကန့်လန့်၊ အသေးစိတ် အချက်အလက်တွေ ကြမ်းတမ်း။ မိုးကောင်းကင်ဟာ
စိမ်းနေတယ်။ ကျွန်တော်တို့ သားသမီးတွေရဲ့ အမည်နာမတွေ သိရဖို့ ဘာစာအုပ်မှလဲ မရှိဘူး။
အရုပ်တစ်ရုပ်ကို ပွေ့ပိုက်ထားတဲ့ ယောက်ျားအလောင်းတစ်လောင်း ကို ခင်ဗျား သတိပြုမိလား။
သူမ အဲသလောက် အော်ရတာ ဘာကြောင့်ဆိုတာ ခင်ဗျား စဉ်းစားကြည့်ဖူးလား။ ပြီးတော့ ဘာ
ဖြစ်လို့၊ ဥပမာပေါ့နော်၊ ရုပ်တုတွေရဲ့ ဦးခေါင်းတွေကို ဖယ်ရှားပြီး ဆေးရုံအောက်က မြေတိုက်ခန်းထဲ
သိမ်းလိုက်သလဲ။ မိုးကောင်းကင်ဟာ စိမ်းနေတယ်။ ကျွန်တော်တို့ကိုလမ်းကြောင်းပြဖို့ ဘာစာအုပ်မှ
မရှိဘူး။ တစ်ပတ်တစ်ကြိမ် ပုံမှန်ပါပဲ။ သူ့ကားသူ ဘယ်မှာ ပါကင်ထိုးခဲ့မှန်း မသိတော့လို့
သူ့တိုက်ခန်းဆီသူ ပြန်ပြန်သွားရတယ်။ မီးဖိုချောင်စားပွဲပေါ်မှာ လိုက်နာရမယ့် လမ်းညွှန်ချက်တစ်စုံ
တင်ထားတယ်။ သူ့ရဲ့ အသက်ရှူကိရိယာဟာ မဖွံ့ဖြိုးတဲ့အတွက် ပလာဇာပေါ်ဝဲနေတဲ့ အင်္ဂတေနု
မိုးတိမ်နံရံဘေးမှာပဲ ကပ်မောင်းနှင်ဖို့ ချုပ်ချယ်ကန့်သတ်ခံထားရတယ်။ မိုးကောင်းကင် ဟာ
အစိမ်းရောင်စွက် မီးခိုး။ တစ်ယောက်ယောက်က ခင်ဗျားဆီ အခိုင်အမာလာပြောတယ်။ သူဟာ
ခင်ဗျားရဲ့ သူငယ်ချင်းပါတဲ့။


ဂျော်န် ယောဝ်
John Yau ‘ Engines of Gloom and Affection ’
Translated by Zayyar Linn

No comments:

Post a Comment