အဲဒီ အဖြစ်အပျက်များ


ကိုယ့်မျက်နှာကို
လူမြင်မှာစိုးတာနဲ့
ရေချိုးခန်းထဲ ဝင်ငိုခဲ့
ရှိုက်ကြီးတငင်။

ငိုသံကို အပြင်လူကြားမှာ စိုးတာနဲ့
ရေပိုက်ခေါင်းကို ကိုယ်ဖွင့်ခဲ့။

ပါးပြင်မှာ ပူနွေးနွေး
ရေသံမှာ တစ်စက်ကလေးမှ ခံစားချက်မရှိဘူး။

လူဖြစ်လျက်နဲ့လုံးလုံး
အဆုံးအရှုံးကြီးခဲ့ပါတယ် ဘဝရယ်
ကိုယ်မမြင်ရတဲ့ တောင်စွယ်မှာ
နှင်းတွေ ဝေတုန်းမို့လား။       ။

မိုဃ်းဇော်

No comments:

Post a Comment