ဝန်ခံချက်



ဘုရားသခင်၊ တပည့်တော် စတော်ဘယ်ရီယို ကြိုက်ခဲ့ပါတယ်
မိန်းမသားရဲ့ မှောင်မိုက်တဲ့ချိုမြိန်မှုကို ကြိုက်ခဲ့ပါတယ်။
ပြီးတော့ အေးစိမ့်နေအောင်စိမ်ထားတဲ့ ဗော်ဒကာ၊
သံလွင်ဆီနိုင်နိုင်နဲ့ ပင်လယ်ငါးသလောက်သား၊
သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်တို့ရဲ့ မွှေးရနံ့။
အဲဒီတော့ တပည့်တော်ဟာ ဘယ်လိုပုရောဟိတ်မျိုးလဲ။
သန့်ရှင်းတဲ့ဝိညာဉ်တော်ဟာ တပည့်တော်ဆီ
ဘာဖြစ်လို့ လာကိန်းဝပ်ရတာလဲ။
အခြားသူတွေကို ပုရောဟိတ်လို့ခေါ်ကြတာ တရားတယ်။
အဲဒီပုဂ္ဂိလ်တွေဟာလည်း ယုံကြည်စိတ်ချရသူတွေ။
တပည့်တော်ကို ဘယ်သူယုံမှာလဲ။
သူတို့မျက်မြင်တွေ့ကြသားပဲ
တပည့်တော်ဟာ သေရည်မြင်ရင် အငမ်းမရ
အစားမြင်ရင် ငမ်းငမ်းတက်
စားပွဲထိုးမလေးရဲ့ လည်တိုင်ကြော့ကို ငတ်ငတ်မွတ်မွတ်စောင်းကြည့်
တပည့်တော်မှာ အပြစ်အနာအဆာတွေနဲ့
အမှားကျူးလွန်မှုတွေနဲ့
တပည့်တော်ကိုယ်တိုင်လည်းသိရဲ့။
ကြီးကျယ်မြင့်မြတ်မှုကို တပည့်တော်တောင့်တတယ်
တွေ့တဲ့အခါတိုင်းလည်း မြင့်မြတ်မှုမှန်းသိရတယ်
ဒါပေမယ့် တပည့်တော်ဟာ အပြည့်အဝမဟုတ်တောင်
တစ်စိတ်တစ်ပိုင်းတော့ အကြားအမြင်ရ ပုဂ္ဂိုလ်ပဲ။
ယှဉ်လိုက်ရင် သေးသေးလေးလေးတွေဖြစ်တဲ့
တပည့်တော်တို့လိုလူတွေအတွက် ဘာရရှိတယ်
တပည့်တော်သိပါတယ် --
တခဏခံ မျှော်လင့်ချက်တို့ရဲ့ စားတော်ပွဲ၊
ဝင့်ဝါသူတို့ရဲ့ စုဝေးပွဲ၊
ခါးကုန်းတို့ရဲ့ ယှဉ်ပြိုင်ပွဲနဲ့
စာပေအနုပညာ။       ။
၁၉၈၅

ချက်စလော မီလော့(ရှ်)



ဇေယျာလင်း

အလှပဆုံး စကားလုံး စာအုပ်မှ






      

A CONFESSION



My lord, I loved strawberry jam
And the dark sweetness of a women’s body.
Also well-chilled vodka, herring in olive oil,
Scents, of cinnamon, of cloves.
So what kind of prophet am I? Why should
The Spirit has visited such a man? Many others
Were justly called, and trustworthy.
Who would have trusted me? For they saw
How I empty glasses, throw myself on food,
And glance greedily at the waitress’s neck.
Flawed and aware of it. Desiring greatness,
Able to recognize greatness wherever it is,
And yet not quite, only in part, clairvoyant,
I knew what was left for smaller men like me:
A feast of brief hopes, a rally of the proud,
A tournament of hunchbacks, Literature.

1985
Czeslaw Milosz

အောင်ချိမ့် ခရေဇီ



ခင်ဗျားတို့မြော်လင့်နေသလို တခုမှ မဖြစ်သေးဘူး နာရီကို ငုံ့ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် နိုင်း
အလဲဗင်း ရထားတစ်စင်း ဖြတ်သွားစဉ် မီးပွိုင့်မှာ ၈၁ နဲ့ ၁၈၆ ဘတ်စ်ကားနှစ်စင်း ရှေ့ဆင့်နောက်ဆင့်
ဘရိတ်လဲရမယ် ဂီယာနဲ့ ခွေးသွားစိပ်တွေမှာ ဆီထည့်ပေးဘို့ ဟမ်ဒရက်ပလပ်စ် ဘူးတွေမှာ ရေပေါက်
ကလေးတွေ သီးနေတယ် လမ်းကျဉ်းကလေးပေမယ့် သပ်သပ်ရပ်ရပ် မထင်မှတ်တာတွေဟာ မထင်မှတ်
ချိန်မှာ ရုတ်တရက်ဖြစ်ပျက်တတ်တယ်တဲ့ ဟိုဟို သည်သည် ကြည့်တယ် ကိုယ်ထင်ထားသလို ဘာတခု
မှ ဖြစ်ပျက် မလာသေးဘူး ပုလင်းကို မြှောက်ကာမြှောက်ကာ ငြိမ်းချမ်းရေး(ကြားထဲမှာ အများကြီးရှိသေး
တယ်) မူလ ကြမ်းခင်း၊ တိုင်၊ ထုတ် ယောက် အစကတည်းက လမ်းဒိုး အသားကျ မှန်မှန် သေချာလှုပ်ပြီး
မီးဂေါက်နဲ့ မီးနည်းနည်းပြပေး တာရို၏အဆုံးအဖြတ်ကို ယုံကြည်ရပါက တခုမှ ဖြစ်မလာသေးဘူး ချိုးနှိမ်
စောစောက နေရာမှာ ရထားမရှိတော့ နင်းရတာ ပေါ့သွားတာပဲ ကလေး ကစားကွင်းကို ဖြတ်ကာ မမြင်
ရသော လေ မြည်းအ, နဲ့ တူလိမ့်မယ် ဖော်ပြမှုကို ရွေးချယ်မနေရ တဲ့ သင်္ဘောပေါ်က သံချိန်းကြိုးတုတ်
တုတ်ကြီး တစ်ချောင်း တွဲလောင်းကျနေ ကင်မရာတွေကို တိမ်းကာ ရှောင်ကာ လော်ရာ ဆင်းမ်စ်နဲ့တကွ
မမှားသော ရှေ့နေတွေ တခုမှ မဖြစ်သေးဘူး လမ်းကွေ့တွေမှာ နည်းနည်းဂရုစိုက်ရတယ် ဝှီးလ်ချဲတွေ့
ရင် အထူး အာရုံစိုက် ‘ဒီမနက် အဖျားမကျဘူး မဟုတ်လား’ လမ်းညွှန်ဆိုင်းဘုတ် တချက်ကြည့်ရတယ်
နောက်ထပ် ရထား ဘယ်နှစ်စင်း ဖြတ်သွားပြီးပြီလဲ ရုတ်တရက် ဖြစ်ပျက် တတ်တယ်တဲ့ ရွှေကြည်အေး
ဝါဇီ ခရေ ရွှေလမင်း လက်ဖက်ရည်ဆိုင်များ ခုနှစ်များ ကဗျာရဲ့ မူလအသံကို ပြန်ထွက်အောင် ဦးဆောင်
တီးခတ်သူ ဘယ်စက်မဆို ခွေးသွားစိပ်တွေမှာ ဆီ ထည့်ထည့်ပေးရတယ် ခပ်ပေါ့ပေါ့ ဆက်နင်းလာရင်း
ဘာမှ မဖြစ်ရင် ဘာမှမဖြစ်တော့ဘူး အခု နာရီကို ထပ်တခါကြည့်တော့ အလဲဗင်း အလဲဗင်း ဖြစ်သွားပြီ
ဟိုးအဝေး တနေရာမှာ ဟိုးအရင်နှစ်တွေတုန်းကလိုပဲ စိန့်ပေါလ်ကျောင်းဝင်းနံရံကပ် ဆဲဗင်း-အလဲဗင်း
မှာ မှောင်ရိပ် မကျတကျ ထောင့်စားပွဲမှာ ထုံးစံအတိုင်း ခပ်ထောင့်ထောင့် ‘သူ’ ထိုင်နေဆဲ/လား ။     ။

ခင်အောင်အေး
၃၊ မေ၊ ၂၀၁၀ စင်္ကာပူ စံတော်ချိန် ၁၁း၅၃ နာရီ
(ကိုအောင်ချိမ့်သို့ မေလ ၁ ရက်နေ့ မွေးနေ့ လက်ဆောင်)
ကောင်းကင် နိုင်ငံပြု အနုပညာ မဂ္ဂဇင်းတွင် ဖော်ပြပြီး

ငါ့မိန်းမဟာ ငါ့ရန်သူဖြစ်တယ်

မနက် နေအထွက်
လက်ကနဲ ဓါးရောင်
ဓါးရောင်ရော ဓါးပါ
ငါ့နံကြား စိုက်ဝင်ချေပေါ့။

(၁)
ငါဟာ
လယ်ထွန်သွား နွားတစ်ကောင်
ကမ္ဘာဟာ
ငါ့လယ်ကွင်း ငါ့ယာခင်းတွေပေါ့
ငါ
ထွန်ယက်ရပြီ
ကောက်ရိုးဖတ်ကလေး စမြုံ့ပြန်ရင်း
ငါ့ပါးစပ်မှာ
အမြှုပ်တစီစီ
ချွေးတွေ တစ်သီးပြီး တစ်သီး သီးရင်း
ငါ့ကိုယ်က
တဖုတ်ဖုတ်ကြွေ
ငါ့ကျောပေါ်မှာက
ငေါက်သံနဲ့ ကြိမ်လုံး
ကြိမ်လုံးဟာ
ငါ့ကျောကို အုံးစက်ရာထင်ချေရဲ့
ငါဟာ နွား
ဒီနွားက ဒီလိုလေးလည်း
တရားသံဝေ ယူချေသေးရဲ့
“ “ နွားတစ်ကောင်ဘဝ ရနေပေမယ့်လည်း
နောက်ထပ် အမှားတစ်ထောင်မက
ရချင်သေးတယ်” ” တဲ့
နွားတဖြစ်လဲ နွားဆိုတဲ့ ငါက
မြည်တမ်းသေး
ငါဟာ နွားပြာကြီးပါ
အောက်သွားတွေလည်း မရှိတော့ဘူးကွယ်။

(၂)
လာပြီ ဓါးချက်
လက်ကနဲ ဝင့်ချေပေါ့ ငါ့ရင်အုံထဲ
ငါ ဟာ
ပြိုင်မြင်းတစ်ကောင်ပေါ့
အနိုင်ရအောင် အပြိုင်ပြိုင်တွေပြေးရ
ပွဲစဉ်တောက်လျှောက် အပြေးပြိုင်ပွဲတွေချည်း
“ “ မနိုင်ရင် အိမ်မပြန်ဘူး
အသေခံမယ်” ”
ဒီမြင်းက ငါက မာန်တင်းသေး
ပြေးရပြိုင်ရလွန်းလို့
သံဝေဂ သီချင်းလေးတောင်မှ
မဆိုညည်းနိုင်ပါဘူး…တဲ့။
ငါဟာ
“ စိန်လျံ” ဆိုတဲ့
သခင်ကိုလုပ်ကျွေးသူ ပြိုင်မြင်းတစ်ကောင်ပါ။

(၃)
သိပ်လှပလွန်းပါတယ်
အမြန်ထိုးချက်တွေ
ငါ
ငါ့စိတ်ကို ဘယ်လိုစင်းကောကောပြီး
ကြော်ချက်ရမှာလဲ
ငါဟာ
ခွေးတစ်ကောင်လို အူလိုက်ဟောင်လိုက်ဘဝ
ရောက်နေရပါပြီ
ငါ
ခွေးတစ်ကောင်လို အူနေရပါပြီ။
ဒီခွေးရဲ့အူသံက
“ “ သခင်မရေ မင်း သိပ်လှပလွန်းနေပါတယ်” ” . . . တဲ့။

(၄)
တသက်မှာ ဘဝသုံးခု
တစ်သက်မှာ သုံးဘဝ
ဘဝသုံးခု ပြောင်းပြောင်းပြီး ပြောင်းပေးရ
အနီးဆုံးလူရဲ့ဓါးဟာ
အချွန်မြဆုံးပါပဲ
ငါ့ မိန်းမဟာ ငါ့ရန်သူဖြစ်တယ်။ ။

မောင်ချောနွယ်

နှစ်ဆယ့်တစ် အယ်လ်ဘမ် ကဗျာ စာအုပ်မှ

ပန်းင်္ခြလမ်း



အဖြူသက်သက် စက္ကူစာင်္ကြာလေးဟာ လေမှာတဆတ်ဆတ် လည်ပတ်လို့နေရဲ့။ သူ ကဗျာစပ်နေတယ်
လို့ ကျွန်တော် တွေးဆမိပါတယ်။ မိုးရွာပြီးစ ကမ္ဘာလောကရဲ့ ညနေခင်းသက်တံဟာ ကိုယ်ရောင်ကိုယ်ဝါ
ရွှန်းလက်စွာနဲ့ လာပြီးကိုယ်ထင်ပြပါတယ်။ သူလည်း ကဗျာစပ်နေတာဖြစ်တယ်လို့ ကျွန်တော်လက္ခံပါတယ်။
ကျွန်တော်တို့ လမ်းတူရင် လူချင်းတွေ့ကြမှာပါ။

ကျွန်တော်တို့ အသက်ရှူငွေ့ကလေးတွေ ကောင်းကင်ထဲကို ရောက်ရှိသွားတော့ နဂါးငွေ့တန်းတွေဖြစ်သွား
ကြပါတယ်။ နဂါးငွေ့တန်းလမ်းမနဲ့ နဂါးငွေ့တန်းပန်းများပေါ့။ ကဗျာ ဖြစ်ပါတယ်။

ချောကလက်ရောင်တိမ်ရိပ်ကိုခိုကာ အိပ်မက်တွေကိုချိုစေဘို့ လာခဲ့ကြပါတယ်။ မသေငှက်တွေပါ..။တောမီး
ကို စီးနင်းလိုက်ပါ လာခဲ့မယ်။ မုန်တိုင်းကိုစီးနင်းလိုက်ပါလာခဲ့မယ်။ မသေငှက်တွေပါ။ အသက်မုန့် ပေးတော်
မူပါ။

ကဗျာဆရာတွေဟာ ကမ္ဘာကြီးတခုလုံးကို လှည့်ပတ်စောင့်ကြည့်နေတဲ့ မော်နီတာတွေဖြစ်ပါတယ်။ကျွန်တော်
တို့မှာ ညီမျှခြင်းတွေ ရှိပါရဲ့လား။ ကျွန်တော် အထူးသိလိုလှပါတယ်။ ဟောဒီမှာ ကျွန်တော် ရထားတဲ့
ညီမျှခြင်း

                        နတ်ဆိုးရဲ့ တန်ခိုး
                        ငါ့ ဒဏ်ရာများကို ခုခံထား
                        ငါ . . . ပြာကျ မသွား။

ကျွန်တော်တို့ရဲ့ ဒဏ်ရာများ ဖြစ်ခဲ့ပါတယ်။
လမ်းတူရင် လူချင်းတွေ့ကြမှာပါ။

မောင်ချောနွယ်

နှစ်ဆယ့်တစ် အယ်လ်ဘမ် ကဗျာစာအုပ်မှ

တည်ဆောက်ရေးလုပ်ငန်းတခုခုမှာ အလုပ် လုပ်တယ်လို့ ပြော

 ခုန်ထွက်လိုက်သလို
ဘဝဆိုတာ ဒီလိုပါလားလို့ ပုံသေ သတ်မှတ်လို
အချိန် နှောင်း မနှောင်း
အဖွဲ့အနွဲ့ ကောင်းသူလက်ထဲက လက်ဖွဲ့
' ငါ ဆိုတာ ပျင်းစရာ ဘုံကြီးပါ' ပုံပါ တီရှပ်နဲ့ ဟို ကတုံး (ခေါင်းတုံး)
လူတစ်ယောက်ရဲ့ ကျောပြင်မှာ
ပြတင်းပေါက် တစ်ခုဟာ အမြဲနာကျင်နေပါတယ်
ဒီထက်ကောင်းတဲ့ ကဗျာတွေ ရေးချင်ပါတယ် တေးများ ကို သတိရ
လမ်းပေါ်ရောက်ရောက်ချင်း ချုပ်ရိုးပေါ်က ကန်ကန်ထွက်မိတဲ့ 
အဟာရ နွားနို့ သူ့ဖို့ချည်းပဲ ဆိုတဲ့ ဈေးမှုဗေဒ စကားကျမ်းအဖွင့်
စပယ်ပန်းတိုင်း မွှေးသလား ဟေ့လူ
ဘယ်နေ့ကို ဒီနေ့ လို့ပြောမလဲ
မမြဲခြင်းကို လိုက်ဖမ်းနေတဲ့ ဟို စမတ်ကျကျ လူရော
သူ့နာမည် ပြန်ပြန်မေးနေတာ ပတ်ဝန်းကျင်နဲ့ ဆိုင်မဆိုင်
မမြဲခြင်းဟာရော အများသုံး ဖြစ်နိုင် မဖြစ်နိုင်
ကျိုးကျသွားတဲ့ ဓါတ်တိုင်နေရာမှာ ငါ အစားထိုး ရ  မရ
ငါနဲ့ ဘာဆိုင်လို့၊ ငါတို့အကြောင်း ဝင်မစွက်ဖက်နဲ့
အဟမ်း... တစ်ယောက်စာပဲ ရှိတော့တယ်
အတိုလား အရှည်လား
တစ်ရာဘိုးနဲ့ အသေရိုက်သတ်လို့ရတယ်
မိဘ မေတ္တာတွေလာမယ် ကလွဲလို့
ကျန်ကမ္ဘာ့ အစိတ်အပိုင်းအားလုံး
ဘယ်လိုလာရမလဲ၊ မိုးတိတ်တုန်း၊ မီးလာတုန်း
ဘတ်စကားတွေ ရှိတုန်း၊ ဈေးကွက်ဝင်ကုန်ကြပြီ
သွေးထွက်အောင်မှန်တာ အမှန်တရားလား
ဆင်ခြင်တုံတရား ရောက်မလာခင်
နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြပါရန် ။     ။


မိုးဝေး
၂၀၀၆          

မိုးဝေး၊ သူပဲအကြမ်း သူပဲအချော ကဗျာစာအုပ်မှ ကူးယူဖော်ပြသည်

ပျောက် ပျောက်




အိမ်ပြန်လာတဲ့ အဘိုးအနဂ္ဂ
နံ့သာမလိမ်း ပန်းကိုမပန်
ခိုးသား ဓါးပြတွေလိုပဲ အခွင့်အခါရတိုင်း
သိပ်ကောင်းမယ်လို့ တစ်ခါက
လိမ်းဆင်စားသောက်ဝင်သမျှ
အဲဒီအရိုက်အရာက နှုတ်ထွက်တဲ့နေ့မှာ
တစ်ယောက် နှစ်ယောက် စသဖြင့် လူပြတ်တယ်လို့
သူ့စိတ်ထဲ တမ်းတနေတာ ကြာလှ
အရင်က ဒီဆန္ဒ မကြာမကြာ အဝတ်သစ်လဲချင်
ပန်းမန်နံ့သာ လိမ်းခြယ်ချင်
နွားနို့ယာဂုသောက်ချင် ဘာမှ မလုပ်ချင်
သတိကောင်းဖို့ အပြည့်အစုံကောင်းဖို့
ပျောက် ပျောက် အမည်တပ်ပြီး
မွမွရွရွ ရှိသမျှညှိပြီးတော့ သူ့အလိုလို ပျောက် ပျောက်
လှုပ်ရှားပြုပြင်တိုင်း ပျောက်ပျောက်
တမင်စိတ်ညွတ်ပြီး သွားစို့ လာစို့။
တကယ်ဟုတ်မှန်တဲ့အတိုင်း ကောင်းလာပုံ
ခေါင်းခါးခြေလက် အထည်ဒြပ် ဘာမျှ
ရှေ့ဆင့်နောက်ဆင့် အတွဲလိုက် ဘာမျှ
တစ်ချောင်း ပြီးတော့ တစ်ချောင်း
ရှေ့ဆင့်နောက်ဆင့် အတွဲလိုက် ဘာမျှ ပျောက်ပျောက်
ရိုးတိုးရိပ်တိတ် ဝိုးတိုးဝါးတား ကိုင်ကြည့်ပြီး
သူပေါ်လာတဲ့အတိုင်း ရုပ်ကတခြား ပျောက်ပျောက်
ကွေးတိုင်းဆန့်တိုင်း စိတ်ကတခြား ပျောက်ပျောက်။        ။

ဝင်းမြင့်

ရုပ်ရှင်တေးကဗျာ
၂၀၀၅၊ ဒီဇင်ဘာ၊