အောင်ချိမ့် ခရေဇီ



ခင်ဗျားတို့မြော်လင့်နေသလို တခုမှ မဖြစ်သေးဘူး နာရီကို ငုံ့ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် နိုင်း
အလဲဗင်း ရထားတစ်စင်း ဖြတ်သွားစဉ် မီးပွိုင့်မှာ ၈၁ နဲ့ ၁၈၆ ဘတ်စ်ကားနှစ်စင်း ရှေ့ဆင့်နောက်ဆင့်
ဘရိတ်လဲရမယ် ဂီယာနဲ့ ခွေးသွားစိပ်တွေမှာ ဆီထည့်ပေးဘို့ ဟမ်ဒရက်ပလပ်စ် ဘူးတွေမှာ ရေပေါက်
ကလေးတွေ သီးနေတယ် လမ်းကျဉ်းကလေးပေမယ့် သပ်သပ်ရပ်ရပ် မထင်မှတ်တာတွေဟာ မထင်မှတ်
ချိန်မှာ ရုတ်တရက်ဖြစ်ပျက်တတ်တယ်တဲ့ ဟိုဟို သည်သည် ကြည့်တယ် ကိုယ်ထင်ထားသလို ဘာတခု
မှ ဖြစ်ပျက် မလာသေးဘူး ပုလင်းကို မြှောက်ကာမြှောက်ကာ ငြိမ်းချမ်းရေး(ကြားထဲမှာ အများကြီးရှိသေး
တယ်) မူလ ကြမ်းခင်း၊ တိုင်၊ ထုတ် ယောက် အစကတည်းက လမ်းဒိုး အသားကျ မှန်မှန် သေချာလှုပ်ပြီး
မီးဂေါက်နဲ့ မီးနည်းနည်းပြပေး တာရို၏အဆုံးအဖြတ်ကို ယုံကြည်ရပါက တခုမှ ဖြစ်မလာသေးဘူး ချိုးနှိမ်
စောစောက နေရာမှာ ရထားမရှိတော့ နင်းရတာ ပေါ့သွားတာပဲ ကလေး ကစားကွင်းကို ဖြတ်ကာ မမြင်
ရသော လေ မြည်းအ, နဲ့ တူလိမ့်မယ် ဖော်ပြမှုကို ရွေးချယ်မနေရ တဲ့ သင်္ဘောပေါ်က သံချိန်းကြိုးတုတ်
တုတ်ကြီး တစ်ချောင်း တွဲလောင်းကျနေ ကင်မရာတွေကို တိမ်းကာ ရှောင်ကာ လော်ရာ ဆင်းမ်စ်နဲ့တကွ
မမှားသော ရှေ့နေတွေ တခုမှ မဖြစ်သေးဘူး လမ်းကွေ့တွေမှာ နည်းနည်းဂရုစိုက်ရတယ် ဝှီးလ်ချဲတွေ့
ရင် အထူး အာရုံစိုက် ‘ဒီမနက် အဖျားမကျဘူး မဟုတ်လား’ လမ်းညွှန်ဆိုင်းဘုတ် တချက်ကြည့်ရတယ်
နောက်ထပ် ရထား ဘယ်နှစ်စင်း ဖြတ်သွားပြီးပြီလဲ ရုတ်တရက် ဖြစ်ပျက် တတ်တယ်တဲ့ ရွှေကြည်အေး
ဝါဇီ ခရေ ရွှေလမင်း လက်ဖက်ရည်ဆိုင်များ ခုနှစ်များ ကဗျာရဲ့ မူလအသံကို ပြန်ထွက်အောင် ဦးဆောင်
တီးခတ်သူ ဘယ်စက်မဆို ခွေးသွားစိပ်တွေမှာ ဆီ ထည့်ထည့်ပေးရတယ် ခပ်ပေါ့ပေါ့ ဆက်နင်းလာရင်း
ဘာမှ မဖြစ်ရင် ဘာမှမဖြစ်တော့ဘူး အခု နာရီကို ထပ်တခါကြည့်တော့ အလဲဗင်း အလဲဗင်း ဖြစ်သွားပြီ
ဟိုးအဝေး တနေရာမှာ ဟိုးအရင်နှစ်တွေတုန်းကလိုပဲ စိန့်ပေါလ်ကျောင်းဝင်းနံရံကပ် ဆဲဗင်း-အလဲဗင်း
မှာ မှောင်ရိပ် မကျတကျ ထောင့်စားပွဲမှာ ထုံးစံအတိုင်း ခပ်ထောင့်ထောင့် ‘သူ’ ထိုင်နေဆဲ/လား ။     ။

ခင်အောင်အေး
၃၊ မေ၊ ၂၀၁၀ စင်္ကာပူ စံတော်ချိန် ၁၁း၅၃ နာရီ
(ကိုအောင်ချိမ့်သို့ မေလ ၁ ရက်နေ့ မွေးနေ့ လက်ဆောင်)
ကောင်းကင် နိုင်ငံပြု အနုပညာ မဂ္ဂဇင်းတွင် ဖော်ပြပြီး

No comments:

Post a Comment