ပျောက် ပျောက်




အိမ်ပြန်လာတဲ့ အဘိုးအနဂ္ဂ
နံ့သာမလိမ်း ပန်းကိုမပန်
ခိုးသား ဓါးပြတွေလိုပဲ အခွင့်အခါရတိုင်း
သိပ်ကောင်းမယ်လို့ တစ်ခါက
လိမ်းဆင်စားသောက်ဝင်သမျှ
အဲဒီအရိုက်အရာက နှုတ်ထွက်တဲ့နေ့မှာ
တစ်ယောက် နှစ်ယောက် စသဖြင့် လူပြတ်တယ်လို့
သူ့စိတ်ထဲ တမ်းတနေတာ ကြာလှ
အရင်က ဒီဆန္ဒ မကြာမကြာ အဝတ်သစ်လဲချင်
ပန်းမန်နံ့သာ လိမ်းခြယ်ချင်
နွားနို့ယာဂုသောက်ချင် ဘာမှ မလုပ်ချင်
သတိကောင်းဖို့ အပြည့်အစုံကောင်းဖို့
ပျောက် ပျောက် အမည်တပ်ပြီး
မွမွရွရွ ရှိသမျှညှိပြီးတော့ သူ့အလိုလို ပျောက် ပျောက်
လှုပ်ရှားပြုပြင်တိုင်း ပျောက်ပျောက်
တမင်စိတ်ညွတ်ပြီး သွားစို့ လာစို့။
တကယ်ဟုတ်မှန်တဲ့အတိုင်း ကောင်းလာပုံ
ခေါင်းခါးခြေလက် အထည်ဒြပ် ဘာမျှ
ရှေ့ဆင့်နောက်ဆင့် အတွဲလိုက် ဘာမျှ
တစ်ချောင်း ပြီးတော့ တစ်ချောင်း
ရှေ့ဆင့်နောက်ဆင့် အတွဲလိုက် ဘာမျှ ပျောက်ပျောက်
ရိုးတိုးရိပ်တိတ် ဝိုးတိုးဝါးတား ကိုင်ကြည့်ပြီး
သူပေါ်လာတဲ့အတိုင်း ရုပ်ကတခြား ပျောက်ပျောက်
ကွေးတိုင်းဆန့်တိုင်း စိတ်ကတခြား ပျောက်ပျောက်။        ။

ဝင်းမြင့်

ရုပ်ရှင်တေးကဗျာ
၂၀၀၅၊ ဒီဇင်ဘာ၊

No comments:

Post a Comment