သေနတ်နဲ့ ဒိန်ခဲ


အနီရောင်စက်ဝိုင်းကနေ မစ်ကီးမောက်စ် ပုံပေါ်လာ
အပြာရောင်ဆီစိမ်စက္ကူပေါ် သင်္ဘောတစီး ပုံကြမ်းရေးခြစ်ထား
ကိုလံဘတ်စ် ရှာမတွေ့ခဲ့တဲ့ ကိုယ်ပျောက်ကျွန်းတွေဆီ
ပင်နယ်စလင် ရှာဖွေတွေ့ရှိပုံ အသုံးဝင်ပုံနဲ့ လူသားရဲ့ မပြီးဆုံးစတမ်း  နောင်တတရားများ
အနမ်းနဲ့ အနမ်းအပေါ် တင်ဆက်မှု အနုပညာများရဲ့ လျှို့ဝှက်သည်းဖို အတွေ့အကြုံ
နောင်လာနောက်သားများ အပေါ် မချောမွေ့တဲ့ အသားယူလက်ဆင့်ကမ်းချန်ရစ်မှုတွေ
ယမ်းမှုန့်ကိုထောင်းထည့်ကာ မီးပေါက်မီးကူး ကောင်းအောင် ချိန်ညှိရတယ်
ဒိန်ခဲ ကိုမအောင်မမြင်ရွှေ့မိခဲ့ပုံ။      ။

ခင်အောင်အေး

1 comment:

  1. ကဗျာက အဓိပ္ပါယ်လေးနက်တယ်ခင်ဗျ...

    ReplyDelete