ညနေခင်း


ဒါပါပဲ
သူငေးနေပုံကိုယ်နှိုက်က
သူ့ ပါစပက်တစ်*တွေက
သူ့ကိုပြန်စားနေတဲ့သဘော
လောကဓံရှုခင်းများ ခက်တယ်။

အဲဒီ အရိုးအက်နေတဲ့
မြစ်တစ်စင်းပေါ်မှာ
အ၀ိဇ္ဇာခေါ်သံက
နာရီတွေကို မော့သောက်လိုသောက်
သူ့သံသယကပဲ သူ့ကိုပြန်စားလိုစား
ဟက်ဟက်ပက်ပက် ကြေကွဲတတ်တဲ့
မနက်ခင်းတွေကို
မစိုမပြည် အရင်းအနှီးပေးခဲ့ရပုံများ။

အားနည်းတဲ့ ကိုယ်ရည်ကိုယ်သွေးကပဲ
ကြီးကျယ်တဲ့ပန်းချီကားဖြစ်လိုဖြစ်
အချစ်ဆိုတာရုပ်နာမ်မပါ . . .

*Perspective= နီးဝေးမြင်ကွင်း
မြေချစ်သူ
ရနံ့သစ်၊ ဖေဖော်ဝါရီ၊ ၁၉၉၇

No comments:

Post a Comment